Part 12

248 53 5
                                    

UNI...

ဒီရက်ပိုင်း စိတ်အနှောက်ယှက်အပေးနိုင်ဆုံး သတ္တဝါကို ပြောပါဆိုလျှင် အထက်တန်းပထမနှစ်က အကောင်ဖြစ်၏။သွားလေရာ နေရာတိုင်း ရှိနေတတ်ပြီး၊ပီတီတီလုပ်လေ့ရှိသည်။ခဏ ခဏ ဂျုံအင်နဲ့ ရန်ဖြစ်တော့မလိုဖြစ်၍ ကြားထဲကနေ
အမြဲ ဝင်ဆွဲရသည်။ကျွန်တော့်အနား အမြဲလိုလို ဂျုံအင်ရှိတတ်ပြီး ညဘက်တွေ လေ့ကျင့်ရေးရှိ၍ အိမ်ပြန်နောက်ကျလျှင် ကိုကို လာကြိုပေးနေတာကြောင့် ထိုကောင် ကျွန်တော့်အနားကပ်ဖို့ အခွင့်အရေးမသာခဲ့ပါ။ထိုကြောင့်ဖြစ်လိမ့်မည်။ကျွန်တော် အနားမှာ ရှိနေတဲ့ ကိုကိုနဲ့ဂျုံအင်ကို မထိတထိ ရန်စတတ်၏။ကိုကိုက လူကြီးဆန်သယောင်နှင့် တကယ်တော့ စိတ်ဆတ်သူဖြစ်၏။ဘယ်အချိန် ရန်ထဖြစ်မလဲ ကြိုမသိနိုင်၍ ကျွန်တော်မှာ ရင်တမမနှင့် စိတ်ပူနေရသည်။

အသက်အရွယ်နဲ့ မလိုက် အထက်တန်းကျောင်းသားနဲ့ ရန်ဖြစ်သည်ဆိုသည့်သတင်းက ကိုကိုအတွက် မကောင်းချေ။ကိုကိုက ပတ်ခ်အုပ်စုရဲ့ ဆက်ခံသူ။အဲ့လိုလူမျိုးက ဒီလို သတင်းတွေ ထွက်လာရင် လူတွေက ကိုကိုကို့ အရိုအသေလျော့သွားမှာ၊မကောင်းပြောကြတာမှာကို  စိတ်ပူသည်။

«ဒီနေ့ စောစောသိမ်းမယ်။မနက်ဖြန်အတွက် အားမွေးထားကြ»

စီနီယာရဲ့စကားကို ခေါင်းငြိမ့်အရိုအသေပြီး‌,ပစ္စည်းတွေ သိမ်းဆည်းကာ အားကစားအခန်းမှာထဲ ထွက်လာခဲ့သည်။ညဘက်ဖြစ်၍ အားကစားဝတ်စုံကို အရေးတယူမလဲဘဲ ပြန်လာခဲ့သည်။ဘေးနားက ဂျုံအင်ကတော့ ပင်ပန်းလို့ထင်၊ပေါက်ပေါက်တောင် မဖောက်နိုင်ရှာတော့ဘူး။

«လာ..ကလေးတွေ ကားပေါ်တတ်»

အချိန်ကိုက်ရောက်လာသည့်ကိုကိုကားပေါ် နှစ်ယောက်သား ဝင်ထိုင်လိုက်သည်။အနောက်ခန်းထဲမှာ ထိုင်နေသော်လည်း ကားမှန်မှတစ်ဆင့် ကျွန်တော်ကို ကြည့်နေသည့်ကိုကိုရဲ့ နူးညံ့သည့်အကြည့်တွေကြား အငွေ့ပျံချင်လာသည်။ကိုကိုက ဘာလို့ အခုရက်ပိုင်း အရမ်းကြင်နာပြနေရတာလဲ။

«မင်း ပခုံး ခဏ ငှား ။ငါ အိပ်ချင်လာလို့»

ပခုံးတစ်ဖက်ပေါ် လေးလံသည့်အရာက ပြုတ်ကျလာတာကြောင့်အလန့်ကြားပင် ကိုကိုအား ကြည့်မိသည်။ကျွန်တော့်ပခုံးကို မှီပြီးမျက်လုံးတွေမှိတ်ထားတဲ့ဂျုံအင်ကို စူးစိုက်ကြည့်နေသည့်ကိုက်ို့အကြည့်တွေက ကျွန်တော့်စိတ်ကို တုန်လှုပ်သွားစေသည်။ဘာလို့ ကိုကို့ပုံစံက ဒေါသထွက်နေသည့်ပုံ ပေါက်နေရတာလဲ။နူးနူးညံ့ညံ့အကြည့်ကနေ သိသိသာသာပြောင်းလဲသွားသည့်ထိုအကြည့်တွေကို ကျွန်တော် တကယ် နားမလည်နိုင်။အမှားလည်း မလုပ်မိဘဲ။

MY BAE IS LIARWhere stories live. Discover now