Part 29

148 24 1
                                    

UNI....

ခမ်းနားလွန်းသည့်မင်္ဂလာဧည့်ခံပွဲမှာ ကိုကိုက ပါးချိုင့်နက်နက်လေးနှင့် ခန့်ညားတည်ဝါရှိနေပြီး အားလုံးရဲ့အာစုံရိုက်မှုကို အပြည့်ရထားသည်။
ကျွန်တော်ကတော့ ကိုကိုဘေးနားမှာ သေးသေးကွေးကွေးလေးနှင့် ချစ်စရာအကောင်ပေါက်လေး အလားပင် ကိုကို့လက်ကလေးဆွဲပြီး ကိုကိုသွားလေရာ လိုက်နေရသည်။အပြုံးနုနုလေးတွေနှင့်ကိုကိုအား မော့ကြည့်ရင်း ကျွန်တော်ပြုံးနေမိသည့်ကလည်း အခါခါပင်။

ဧည့်ခန်းထဲမှာ အများစုက ကိုကိုနှင့် ရင်းနှီးကျွမ်းဝင်ကြသော လုပ်ငန်းရှင်တွေဖြစ်ပြီး ကိုကိုအား ဂုဏ်ပြုစကားပြောရင်း ကျွန်တော်ကိုလည်း ချစ်စရာလေးဆိုကာ အသည်းယားနေကြသည်။စိတ်ပုတ်လွန်းသောကိုကိုကတော့ ထိုစကားကြားလျှင် ဆူပုတ်ပြီး ကောက်နေတတ်သည်။ဘေးနားကနေ ကိုကို့အဖြစ်ကို ကြိတ်ရယ်ပြီး ရယ်ချင်ပက်ကျိနှင့် မော့ကြည့်လိုက်သည်။တကယ်ကြီး ဆူပုတ်နေသောသူက ဆုယောင်းကိုမြင်လေတော့ ကျွန်တော့်ပါးကို လှမ်းနမ်းပြီး ကျွန်တော်ကို သူ့အပိုင်ဖြစ်ကြောင်း လှမ်းကြွားလေသည်။ကလေးစိတ်နှင့် သဝန်တိုနေသောကိုကိုအား အသည်းယားကာ ကိုကို့လက်မောင်းတွေထက် မှီတင်လိုက်သည်။

နှစ်ဖက်မိဘတွေကလည်း သူတို့ဧည်သည်တွေကို ဧည့်ခံနေရသည်အတွက် ကျွန်တော်တို့အပေါ် အာရုံမရှိနေပါ။ထို့ကြောင့် အရဲတင်းကာ ကိုကိုအား လူကြားထဲတွင် ကပ်ချွဲနေမိလေသည်။

«ပင်ပန်းနေပြီလား »

ခေါင်းလုံးလုံးလေးတွေကို ပုတ်ကာ ပြောလာသောကိုကိုအား ခေါင်းခါပြလိုက်သည်။ပြီးမှ
ကိုကို့လက်မောင်းပေါ် မှီတင်လျက် မျက်လုံးလေးတွေ မှိတ်ချပစ်လိုက်သည်။ကိုကိုက ကျွန်တော့်လူဖြစ်လာတာ အိမ်မက်တစ်ခုလိုပင် ယုံကြည်ရခက်ခဲနေသည်။အချိန်တန်လျှင် ကိုကို ထားသွားမည်ဟု အမြဲယုံကြည်နေခဲ့သူက ကိုကိုရဲ့လက်တွဲဖော်ဖြစ်လာသည်တဲ့လေ။မယုံကြည်နိုင်စွာ ခဏခဏ ပြန်စမ်းစစ်ရသည်။ဒါ အိမ်မက်သာဆို ကျွန်တော့်ဘဝကြီး အဓိပ္ပာယ်မဲ့သွားလိမ့်မည်။

«မေမေ့သားလေး ပင်ပန်းနေပြီလား »

ခေါင်းလေးစောင်းပြီးကြည့်လိုက်တော့
အနားရောက်လာသည့်မေမေ့ဘေးနားမှာ ကိုကို့မေမေပါ ရှိနေခဲ့သည်။ထို့ကြောင့် ကျွန်တော်
မှီတင်ထားသည့်လက်မောင်းပေါ်မှာ ခေါင်းထောင်ကာ မေမေတို့ဘက် လှည့်လိုက်သည်။

MY BAE IS LIARWhere stories live. Discover now