UNI.....
နောက်နေ့မနက်မှာ ကိုကို လက်ဆောင်ပေးထားသည့်ရေမွှေးလေးကို စွတ်ပြီး ကျောင်းရောက်ခဲ့သည်။ပတ်ခ်အုပ်စုက ကျွန်တော်တို့ကျောင်းရဲ့ ထောက်ပံ့သူဖြစ်သလောက် ကိုကိုကတော့ ကျောင်းကို မလာချေ။ကိုကို့ဖေဖေသာ အမြဲလာသည်။ဒီနှစ်အားကစားပွဲအတွက် ပတ်ခ်အုပ်စုနှင့်ဆွေးနွေးရန်ရှိပြီး ကိုကို ကျောင်းဝန်းထဲ ခြေချဖို့ ဆုတောင်းနေမိသည်။ကိုကိုက ပတ်ခ်အုပ်စုရဲ့ဆက်ခံသူ။အကြီးအကဲတစ်ယောက်အနေနှင့် ဒီကျောင်းကို ခြေချသင့်သည်။
အတွေးနှင့်အတူ ဂုဏ်ယူမိသည်။ကိုကိုက ဉာဏ်ကောင်းပြီး ထက်မြတ်သူမို့ မိသားစုရဲ့အားကိုးရာလေးဖြစ်လာခဲ့ပြီ။အလုပ်ခွင်မှာလည်း တော်ရုံ မဟုတ်။ဩဇာရှိသူဖြစ်သည်။တည်ငြိမ်တဲ့ရုပ်ရှည်ကြောင့် ဝန်ထမ်းတွေ ဖိန်းဖိန်းတုန်အောက်ကြောက်ရသည့်ကိုကိုက ကျွန်တော်အတွက် ကြင်နာတဲ့အစ်ကိုတစ်ယောက်ဖြစ်ခဲ့လေသည်။
ဒါပေမယ့် ကိုကို ပြောင်းလဲသွားရင် ဘယ်လိုလုပ်မလဲ။ကျွန်တော် အသက်တွေကြီးလာရင်၊ပြီးတော့ ချစ်ဖို့မကောင်းတော့ရင် ကိုကိုဆီက အချစ်တွေကို ရပါ့ဦးမလား။
"ဂယောင်ဆူး "
"ဟင်"
လက်ကုတ်၍ ခေါ်လာသောအထိအတွေ့မှာ ကျွန်တော့်အတွေးတွေ ရပ်တန့်သွားပြီး တစ်ဖက်လူကို လှည့်ကြည့်လိုက်သည်။
"အွန်း ဆုယောင်း ။ ဘာလို့လဲ"
"ခဲတံအပိုလား"
"အာ။ခဏ "
ကျောပိုးအိတ်ထဲ လှန်လှောရှာဖွေလိုက်သည်။
ကံကောင်းထောက်မစွာ ခဲတံအပိုတစ်ချောင်းရှိနေ၍ ဆုယောင်းဆီ ကမ်းပေးလိုက်သည်။"ကျေးဇူးနော် "
အပြုံးနုနုလေးတွေနှင့် တောက်ပစွာဆိုလာသောဆုယောင်းအပြုံးမှာ လက်ရှိကျွန်တော်ရဲ့ပူပန်မှုတွေ အဝေးသို့ ရောက်သွားသည်။ဘယ်လိုပဲဖြစ်ဖြစ် ကိုကိုထားသွားလည်း ကျွန်တော်မှာ ဆုယောင်းရှိသည်။ဒီပန်းလှလှလေးက ကျွန်တော်ကို ဘယ်တော့မှ စိတ်ဒုက္ခပေးမှာမဟုတ်ဘူး။
★"★"
နေ့လယ်ထမင်းစားချိန်မှာ ဘာရယ်မသိ။ စိတ်ရာစရာအတိုင်း ကျောင်းအုပ်ရုံးခန်းဘက် တဝဲဝဲလည်လုပ်မိသည်။နေ့လယ်စာအပြေးအလွှားစားပြီး ရုံးခန်းဘက်ရောက်လာသည့်အကြောင်းအရာကို ဂျုံအင်က တတွတ်တွတ်မေးရင်း လိုက်ပါလာသည်။စိတ်ရှုပ်ရှုပ်နှင့် ဆံပင်တွေ ထိုးဖွပစ်လိုက်သည်။