Part 25

184 32 6
                                    

UNI.....

စဉ်းစားကြည့်တော့ ကိုကိုနှင့်ပတ်သတ်သည့် အမှတ်တရကောင်းတွေ အများကြီးရှိခဲ့သည်။
ကိုကိုက ကျွန်တော် လိုအပ်သည့်အချိန်မှာ အနားမှာ အမြဲရှိပေးခဲ့သည်။ပျင်းနေသည့်အချိန်မှာလည်း ဟာသတွေလုပ်ပြီး ကျွန်တော်ကို ရယ်မောပျော်ရွှင်စေခဲ့သည်။အားငယ်နေသည့်အချိန်မှာလည်း ခွန်အားရှိသောစကားတွေဖြင့် ကျွန်တော်ကို နှစ်သိမ့်ပေးခဲ့သည်။ဒါပေမယ့် ကျွန်တော်ကတော့ ကိုကိုအပေါ် တစ်ခါမှ အဲ့လိုမလုပ်ပေးဖြစ်ခဲ့။ဒီဇိုင်း အခိုးခံရသည့်ကိစ္စနှင့်ပတ်သတ်ပြီး ကိုကို စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်နေသည်ကို မေမေဆီမှာ တစ်ဆင့်သိသည်တိုင်အောင် ကျွန်တော် နေနိုင်ခဲ့သည်။အဲ့နေ့မတိုင်ခင်က ကိုကို ကျွန်တော်အပေါ် လုပ်ခဲ့သည့်အမှားတစ်ခုကြောင့်နှင့် နေနိုင်ခဲ့တာဖြစ်သည်။

ကိုကိုနှင့် မတွေ့ရသည့်အတောအတွင်း အများကြီး စိတ်ညစ်ခဲ့ရသည်။ကြောက်ရွံ့မှုတွေနှင့်အတူ
စိတ်နာရမည့်အခြေအနေမှာ ကျွန်တော်က ကိုကိုအပေါ် ဖြည့်စွတ်၍ နားလည်ပေးခဲ့သည်။ကိုကို အရက်မူးလွန်းလို့ မှားသွားခဲ့သည့်ကိစ္စတွေ။

သို့သော်  ကိုကို့နှုတ်မှာ ထွက်လာသော Bae ဆိုသည့်ညီးသံသဲ့သဲ့လေးမှာ ကျွန်တော့်ရင်တွေ တလှပ်လှပ်ခုန်ပြီး စိုးထိန့်ခဲ့သည်။ကိုကို ပြောတဲ့သူအသည်းကွဲကို ခွဲခဲ့တဲ့သူဟာ ကျွန်တော် မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေမိခဲ့သည်။နောက်ဆုံးမှာတော့ ကျွန်တော် တွေးထားသလို ဖြစ်လာခဲ့ပြီး ကိုကိုက ကျွန်တော်ကို ချစ်နေတာတဲ့လေ။ထိုအကြောင်းတွေကို သိသည့်နှင့် ကိုကိုအပေါ် ကျွန်တော် အားနာမိသည်။ကျွန်တော် ဆုယောင်းအကြောင်းတွေအများကြီး ကိုကို့ကို ပြောခဲ့မိသည်။အဲ့ဒီအချိန် ကိုကို ဘယ်လောက်ထိ နာကျင်နေမလဲ။

ပြီးတော့ ကျွန်တော် ဆုယောင်းကို ဖွင့်ပြောလိုက်သည့်နေ့၊စာမေးပွဲနောက်ဆုံးနေ့က တိုက်တိုက်ဆိုင်ဆိုင် အားကစားခန်းမရှေ့ ရောက်လာသည့်ကိုကို့ကို  တကယ် အားနာရသည်။ကိုကို့အချစ်တွေကို ရိပ်မိခါစမို့ ကိုကို ဘယ်လို ခံစားသွားမလဲ ဆိုသည့်စိတ်နှင့် ဝမ်းနည်းရပြန်သည်။ဒါပေမယ့် ကိုကိုကတော့ အဲ့နေ့ကအတိုင်း ကျွန်တော်ကို ကြမ်းကြမ်းတမ်းတမ်းနမ်းရှိုက်ပြီး သူ့အချစ်တွေကို ဝန်ခံခဲ့သည်။ကျွန်တော် ကြောက်ရွံ့လာသည်။
ထိုအနမ်းကြမ်းတွေကတစ်ဆင့် အဲ့နေ့က ကိုကို ကျူးလွန်ခဲ့သောအမှားတစ်ခုကို။ဆက်ပြီး ခရီးလမ်းမရှည်သွားစေဖို့  ဆုတောင်းရန်း အတင်းရုန်းကန်ရသည်။

MY BAE IS LIARWhere stories live. Discover now