UNI...
ကျွန်တော် အခုတလော ကိုကိုနှင့် တွဲသွား၊တွဲလာလုပ်၍ထင်သည်။အခြေအနေကောင်းသည်မှတ်ယူကာ မေမေတို့က လက်ထပ်ပွဲကို အတင်းစီစဉ်နေကြသည်။
ကိုကို့ကို သနား၍ ပေးလိုက်သည့်အခွင့်အရေးက ကျွန်တော်ကို ချောင်းပိတ်ဖမ်းလိုက်သလိုခံစားရသည်။တကယ်ပဲ ကိုကို ပရောဂကင်းရဲ့လား တွေးနေမိသည်။
«မေမေ ကျွန်တော် လက်ထပ်ပွဲကို မလုပ်နိုင်ဘူး»
«မရဘူး ဂျောင်လေး။ အကုန်စီစဉ်ပြီးပြီ»
«ဘာလို့ ကျွန်တော် ဆန္ဒကို မမေးတာလဲ။ကျွန်တော် ကိုကို့ကို လက်မထပ်နိုင်ဘူး »
«လိုမှ မလိုတာ »
« မေမေ ! »
ကျွန်တော် အံ့ဩလွန်လွန်းလို့ အသံကျယ်ကျယ်နှင့် အော်ခေါ်လိုက်မိသည်။ကျွန်တော့်ဆန္ဒမပါဘဲ ဒီလိုအတင်းလုပ်တဲ့လက်ထပ်ပွဲကိုလည်း စိတ်ပျက်မိသည်။အလကားပဲ လူကြီးတွေက ကတိမတည်ဘူး။တက္ကသိုလ်ရောက်ရင် စိတ်ကြိုက် ရည်းစားထားဆိုပြီး လက်ထပ်ပွဲကို ဇွတ်အတင်းစီစဉ်ကြသည်။
« မငြင်းနဲ့ ဂျောင်လေး။မိဘတွေက ကောင်းစေချင်လို့ စီစဉ်ပေးတာ။ပြီးတော့ ကိုကိုက တစ်ခြားသူလည်း မဟုတ်ဘူး။ဘာလို့ ခါးခါးသီးသီးငြင်းနေရတာလဲ »
«ကျွန်တော်မှ ကိုကို့ကို သဘောမကျတာ »
« ပြောစမ်းပါဦး။ဘယ်နေရာကြည့်ပြီး သဘောမကျတာလဲ »
မေမေက ကျွန်တော်ကိုဒေါသထွက်နေသောမျက်လုံးတွေနှင့် ကြည့်လာသည်။ကိုကိုအား ကြည့်မရသောအစိတ်အပိုင်းရယ် အတိအကျမရှိလေတော့ မေမေ့စကားအား ပြန်လည်မချေပနိုင်ပါ။
« အဝတ်အစား သွားလဲတော့ ဂျောင်လေး။
ခဏနေရင် ကိုကို လာခေါ်လိမ့်မယ် »ပြောပြီးသည့်နှင့် ဧည်ခန်းဘက်ထွက်သွားသည့်မေမေ့နောက်ကျောအားကြည့်ရင်း သက်ပြင်းမောချလိုက်သည်။တကယ်ကြီး ကိုကိုနဲ့ လက်ထပ်ပွဲလုပ်ရတော့မှာလား။
စိတ်ဆင်းရဲလွန်လွန်းလို့ သေသာသေလိုက်ချင်တယ်။
ဆုယောင်းနဲ့ ချစ်သူဖြစ်တာ (၃)ရက်တောင် မပြည့်သေးဘူးလေ။