Part 22

143 29 0
                                    

UNI...

«ယောလီ...ဂျောင်လေးနဲ့ အတူရှိနေတယ်မဟုတ်လား။ဖုန်းလေး တစ်ချက်လွှဲပေးပါဦး»

ဖုန်းထဲမှာအမေရဲ့စကားသံမဆုံးခင် ပါတီပွဲမှာ ပြေးထွက်လာခဲ့သည်။အနောက်မှာ ယွန်းမီရဲ့ခေါ်သံသဲ့သဲ့က ကျွန်တော့်အနောက်နားမှာ ကျန်ခဲ့သည်။ည(၁၀)နာရီမို့ အချိန်အားဖြင့် တအား ည
မနက်သေး။သို့သော် ကျွန်တော်ရဲ့စိတ်ပူမှုက ထိန်းမရ။ဘာလို့များ အိမ်ပြန်မရောက်သေးတာလဲ တွေးပြီး ရင်မောလာသည်။

စိတ်ပြေလက်ပျောက်ကားပတ်မောင်းနေစဉ် အချိန်ကိုက်ခေါ်လာသည့် ယွန်းမီဖုန်းကော်လ်ကြောင့် ပါတီသို့ ရောက်ခဲ့ပြီး‌နောက်
တစ်ချိန်လုံးထိုင်သောက်နေတဲ့ကျွန်တော်က ကိုယ့်အန္တာရာယ်ကို သတိမပြုဘဲ ကားကို မိုင်ကုန်မောင်းထွက်လာခဲ့တာဖြစ်သည်။စိတ်ပူမှု၊ရင်မောမှုတွေနှင့် မူးနေတာတောင် ဘယ်ရောက်သွားမှန်းမသိ။

အကြမ်းပတမ်းမောင်းထွက်လာတော့ ကားလေးက ကုမ္ပဏီရှေ့မှာ ရပ်တန့်သွားပြီး ခေါင်မိုးထပ်ကို အပြေးအလွှားတတ်သွားခဲ့သည်။ Bae က ‌ထားသည့်အတိုင်း နေမည့်ကလေးမဟုတ်ပေမယ့်
အရင်ဆုံးခေါင်းထဲ ဝင်လာသည့်နေရာက ဒီနေရာပင် ထပ်မရှိတော့။

ခေါင်မိုးထပ် တံခါးကို တွန်းဖွင့်လိုက်တော့ အသံကြောင့်ထင်။ကိုယ်လုံးသေးသေးလေးက လှည့်ကြည့်လာသည်။ထင်သည့်အတိုင်း ရှိနေသည့်မို့ စိတ်အေးသွားပေမယ့် ရင်ထဲမှာတော့  သူအား ထားခဲ့သည့်ကျွန်တော်ကို စိတ်ဆိုးနေမလားဆိုသည့်စိတ်နှင့် မရဲ့မဝင့်ဖြစ်ရသည်။

တကယ်ဆို ကျွန်တော်မှာ အမှားမရှိ။ချစ်သည့်စိတ်နှင့် အလိုလိုက်နေသည့်ကျွန်တော်အပေါ် ဆိုးသွမ်းနေသည့် Bae အလွန်ဆိုပေမယ့် စိတ်မနာရက်၊စိတ်မဆိုးရက်နှင့် မြတ်နိုးရသည်။တွယ်တာရသည်။

«ပျော်ခဲ့ရဲ့လား»

ကျွန်တော်ကိုယ်ပေါ်မှာ တောက်ပနေသည့်အနောက်တိုင်းဝတ်စုံကိုတစ်ချက်ကြည့်ပြီး မေးလာသည်။ခပ်ရွဲ့ရွဲ့စကားက လှပသောနှုတ်ခမ်း
လေးနှင့်မလိုက်မဖက်ထွက်ကျလာသည့်မို့ ကျွန်တော့်အလွန်ဟု တွေးလိုက်သည်။ကျွန်တော်သာ ဒေါသတွေထိန်းချုပ်ခဲ့လျှင်  Bae နှုတ်ဖျားထက်မှာ ဒီလိုစကားကြမ်းကြမ်းတွေ ထွက်လာစရာအကြောင်းမရှိ။

MY BAE IS LIARWhere stories live. Discover now