Part 21

205 44 7
                                    

UNI....


ပုံမှန် တနင်္ဂနွေနေ့။အလုပ်ပိတ်ရက်ဖြစ်၏။

သို့သော် အလွမ်းအငွေ့အသက် နွေးနွေးလေးက ကျွန်တော့်ရင်ကို တိုက်ခတ်‌လာသည်။ထိုင်မရ၊ထမရနှင့် အလွမ်းဒဏ်ကို မသည်းခံနိူင်သည့်အဆုံးမှာ ကားသော့ဆွဲယူပြီး အိမ်ထဲမှာ ထွက်လာခဲ့သည်။

«သား....ဘယ်လဲ»

အိမ်ထဲမှာ အလောတကြီးထွက်လာစဉ် မေမေနှင့်ထိပ်တိုက်တွေ့၏။မေမေအမေးမှာ ရုတ်တရက် ရှက်ရဲရဲဖြစ်သွားသည်။Baeကို တစ်ရက်ကလေး မတွေ့ရလျှင်ကို မနေနိူင်မထိုင်နိုင်ဖြစ်နေမိသည်လေ။

«ဟို.... Bae ဆီ»

«ဒါဆို အတော်ပဲ။မေမေ ဒီနားက စတိုးဆိုင်ကို လိုက်ခဲ့ဦးမယ်»

ပိုက်ဆံအိတ်ပြေးယူသည့်မေမေကို ကားပေါ်မှာ စောင့်နေလိုက်သည်။များမကြာမီမှာ မေမေက ရောက်လာခဲ့သည်။ကားပေါ်မှာ လိုက်ပါလာသောမေမေက စကားတပြောပြောနှင့်။တစ်ခါတစ်ရံ Baeနှင့်ကျွန်တော်အကြောင်းကိုလည်း စပ်စုသေးသည်။

«မေမေရာ ဒီလောက်ပဲ စပ်စုပါ»

ရှက်ရဲရဲနှင့် မေမေကို ပြောလိုက်ရသည်။ရဲတတ်နေသည့်နားရွက်ကားကားတွေကိုမြင်တော့ မေမေက ချစ်ဖို့ကောင်းသည်ဆိုကာ လိမ်ဆွဲလေသည်။

«ကဲ မေမေ သွားပြီ။အော် ဒါနဲ့»

စတိုးဆိုင်ဘေး ထိုးရပ်သွားသည့်ကားပေါ်မှာ မေမေက ဆင်းရန် ပြင်ပြီးမှ ပြန်လှည့်လာလေ
သည်။

«ကလေးကို အသက်ရှုကြပ်တဲ့အထိ မနမ်းခဲ့နဲ့နော်»

«ဟာ..မေမေ»

ပြောပြီး ကားပေါ်မှာ ဆင်းသွားသည့်မေမေက
စတိုးဆိုင်ထဲ ရောက်သွားခဲ့ပြီ။ကျွန်တော်ကတော့ ကားပေါ်မှာ ငုတ်တုတ်။ရှက်လွန်းလို့ သေသာ သေချင်တော့သည်။အဲ့တုန်းက Bae စိတ်ဆိုးနေလို့ လုပ်မိလုပ်ရာ လုပ်ခဲ့မိသည်ကို မေမေတို့က ကြုံလျှင် ကြုံသလို ‌စနောက်နေကြသည်။

လူတွေရှေ့ရောက်လျှင် အရှက်ခွဲချင်သည့်နားရွက်တွေကို ခပ်ကြမ်းကြမ်းပွတ်ပြီး ကားစက်နိုး၍ ထွက်လာခဲ့သည်။

MY BAE IS LIARWhere stories live. Discover now