Part 24

199 36 13
                                    

UNI....

ကျောင်းအတန်းချိန်ပြီး၍ အိမ်ပြန်ရောက်လာသော်လည်း မေမေရဲ့တစ်ချက်လွှတ်အမိန့်နှင့် ကိုကို့ရုံးခန်းထဲ ရောက်လာခဲ့သည်။ထိုကြောင့် ဆူပုတ်စွာ ထိုင်မိတော့ ကိုကိုဟာ ကျွန်တော်ကို ကြည့်လျက် သဘောကျနေသည်။ကိုကိုနဲ့ တကယ်ကို ရူးချင်ပါသည်။လက်ထပ်ပွဲလုပ်ခါနီးမှ ကျွန်တော်က ကိုကိုအပေါ် ပိုတိုးလို့ရစ်ချင်၊စိတ်ကောက်ချင်နေသည်။အကြောင်းမရှိ၊အကြောင်းရှာပြီး ကိုကိုအား ပြသာနာရှာတတ်ပေမယ့် ငြိုငြင်ခြင်းမရှိ ပြန်ချော့လေတော့ ကျွန်တော်ပဲ ရှုံးနိမ့်ခဲ့ရသည်။ကျွန်တော် ဘယ်လိုလုပ်မှ ကိုကို့ဘက်က စိတ်ကုန်သွားမှာလဲ တွေးမိတော့ မျက်နှာထက်မှာ အပြုံးက ရုတ်ချည်းပေါ်လာသည်။

ကိုကို ကျွန်တော်နဲ့ဆုယောင်းကို တွဲမြင်လျှင် ဒေါသထွက်မှာ သေချာသည်။ပြီးတော့ ချစ်သူတွေဖြစ်နေသည်မို့ ကိုကို ပိုလိုတောင် ရင်နာနေဦးမည်။သူအတွက်မဟုတ်တဲ့နှလုံးသားတစ်စုံကို စွန့်လွှတ်ပစ်ဖို့လည်း ကြိုးစားလိမ့်မည်။

မကောင်းသည့်အကြံတွေနှင့် ပြည့်နှက်နေသောကျွန်တော်အား မြင်လေတော့ ကိုကိုက ဘာမှမသိဘဲ ပါးချိုင့်လေးပေါ်အောင် ပြုံးပြပြီး ပျင်းနေပြီလားဟု မေးသည်။ကျွန်တော် ခေါင်းအသာငြိမ့်ပြပြီး ကိုကိုအား နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလိုက်သည်။

ကိုကို့စွပ်စွဲချက်က တကယ်မဟုတ်ဘူးဆိုတာ ကျွန်တော် သက်သေပြမည်။ကိုကို့ကို ရင်ခုန်မိတယ်ဆိုတာ ဒီအတိုင်း ။ အင်း ဒီအတိုင်း ရိုးရိုးသားသား။

«ကိုကို ..»

«ဒုဥက္ကဌ ...ညနေ(၅)မှာ ပါတီသွားဖို့ရှိတယ်။မေ့နေမှာစိုးလို့ ။ ဪ ပြီးတော့ နာယွန်းမီ ဒုဥက္ကဌ သူငယ်ချင်းက  လာဝင်ခေါ်ပါတဲ့ »

«ဟုတ်ပြီ။ငါ ခဏနေရင် အဆင်သင့်ပြင်လိုက်မယ်»

ကျွန်တော့်ခေါ်သံတိုးတိုးက ကိုကို မကြားလိုက်ရဲ့လား မသိပါ။တံခါးဖွင့်ပြီးလာပြောသည့်သူ့အတွင်းရေးမှူးစကားကို ခေါင်းငြိမ့်ပြလျက် လုပ်လတ်စတွေကို အပြီးသတ်နေသည်။

ကိုကိုက ပါတီကို။ ဘယ်သူနဲ့လဲ။ ‌တွေးကြည့်လျှင် အတော်လေး စိတ်ပျက်ဖို့ကောင်းသည်။ကျွန်တော်က ဆုယောင်းနှင့် ရုပ်ရှင်တောင် တွဲမကြည့်ဖူးဘူး။ကိုကိုက ချစ်သူမဟုတ်သောကောင်မလေးနှင့် ရုပ်ရှင်ကြည့်ဖို့သလို ပါတီလည်း တွဲတတ်ဖူးသည်။တကယ်ပဲ ကိုကို ကျွန်တော်ကို ချစ်တယ်ဆိုတာ ဟုတ်ရဲ့လား။ကျွန်တော်လိုပဲ ညီအစ်ကိုသံယောဇဉ်ပဲ ဖြစ်နေမလား။

MY BAE IS LIARDove le storie prendono vita. Scoprilo ora