Part 6

391 69 26
                                    


UNI...

ပုံမှန်ကျောင်းတတ်ရက်ဖြစ်သည်။သို့သော်
ကျွန်တော်နဲ့ ဂျုံအင်အတွက်ကတော့ ပုံမှန်မဟုတ်ဘဲ တမူးထူးဆန်းနေခဲ့သည်။မူလတန်းကတည်းကနေ အထက်တန်းအထိ ကျောင်းမပြေးခဲ့သောနှစ်ယောက်ဟာ နံရံကို တွယ်တတ်လျက် ကျောင်းပြေးရန် လုံးပန်းနေကြသည်။တစ်ခြားသူတွေအတွက် ကျောင်းပြေးရန် လွယ်ကူပေမယ့် ကျွန်တော်အတွက် ခက်ခဲခဲ့သည်။ကိုကိုက ကျောင်းပုံမှန်မတတ်လျှင် မကြိုက်ပါ။
ဒါပေမယ့် တစ်ကြိမ်လောက်တော့ ကျောင်းပြေးကြည့်ချင်သည်။အခုတလော ကိုကိုလည်း အလုပ်တွေရှုပ်နေတာကြောင့် ကျွန်တော် ကျောင်းပြေးတာကို သိမှာမဟုတ်ချေ။

အကယ်၍ သိသွားခဲ့လျှင်လည်း ကိုကိုမဆူခင် ကပ်ချွဲဖို့ စဉ်းစားပြီးသားပင်။ကျောင်းသားပဲ တစ်ခါတစ်ရံ ကျောင်းပြေးမှာပေါ့။

“ဂယောင်ဆူး ခုန်ချလိုက်!ခုန်ချလိုက်”

အုတ်နံရံပေါ်က ကျွန်တော်ကို ခုန်ချဖို့ပြောနေသောဂျုံအင်ဟာ အားမလိုအားမရနှင့် ကျွန်တော့်ခြေထောက်ကိုလည်း လာကိုင်‌သေးသည်။သူက အရပ်ရှည်တဲ့သူမို့ နံရံတစ်ဖက်ကို အလွယ်တကူ ခုန်ချနိုင်ပေမယ့် ကျွန်တော်ကတော့ အုတ်နံရံပေါ်ကနေ ခြေတုန့်ချတုန့်နှင့်။

“ဟေ့ကောင် မြန်မြန်။မင်းလုပ်တာနဲ့ မိတော့မယ်”

ဂျုံအင်ရဲ့ပွစိပွစိစကားအဆုံးမှာ ဖြစ်ချင်ရာဖြစ်၊မျက်လုံးမှိတ် ခုန်ချပစ်လိုက်သည်။

”အ့!!”

ခြေထောက်က အနည်းငယ် နာသွား၍ အော်ညည်းမိသည်။ဒါပေမယ့် သွေးပူတုန်းမို့ထင်သည်။သိပ်မနာသလို ခံစားရသည်။

“ဂယောင်ဆူး အဆင်ပြေရဲ့လား”

“ရတယ်။သွားရအောင် ”

အရှေ့ကနေ ဦး‌ဆောင်းပြီး ထွက်လာခဲ့သည် ။ကျောင်းပြေးပြီးလုပ်ချင်ရာ လုပ်ပြီးနောက်မှာ ရုပ်ရှင်ရုံကို ရောက်လာခဲ့သည်။popcorn ဘူးအကြီးကြီးဝယ်ပြီး ရုပ်ရှင်ရုံထဲထိုင်စားနေသောကျွန်တော်က သရဲထွက်လာတိုင်း ဂျုံအင်နောက်ကျောမှာ ဝင်ပုန်းရသည့်က အမောပင်။

MY BAE IS LIARWhere stories live. Discover now