"အဲ့ဒီကောင်က ဦးထွန်းမြင့်ရဲ့သား သခင်လေး၊ သူ့အဖေက 'စိန်စီရီချယ်' လုပ်ကွက်မှာ အရင်ကတော့ ဗိုလ်ပေါ့။ နောက်ပိုင်း ဆေးအမှုကြောင့်နဲ့ ထိုးချခံလိုက်ရတော့ သူ့ကိုယ်သူ သတ်သေသွားတာပဲ သခင်လေး"
"အဲ့တာ ငါနဲ့ဘာဆိုင်လို့ ငါ့အလုပ်မှာ လာနှောက်ယှက်ရတာလဲ..."
သူတကယ်ကို ဒေါသထွက်နေတာဖြစ်သည်။ ဒီနေ့မှာ ပေးရမည့် ရွှေအချိန်က မပြည့်သေးသလိုနဲ့ပေါင်းလောင်းဘက်ကနေ တက်လာသည့် ကျောက်စိမ်းဟာလည်း လမ်းမှာပဲ ဖြတ်လုခံလိုက်သည်။
စိတ်ထင့်လို့ ကျောက်စိမ်းလာမည့်လမ်းကို သွားခဲ့ပေမယ့်လည်း သူနောက်ကျသွားခဲ့သည်။ သူရောက်သွားသည့် အချိန်မှာ ကျောက်စိမ်းသယ်လာသည့် ဘကျောက်က အသတ်ခံရပြီးပြီဖြစ်သည်။
"သူ့အဖေသေသွားတာ ဒရယ်ဂွန့်ပယောဂတော့ မကင်းဘူး သခင်လေး။ အဲ့ဒီနှစ်က မမလေးနေခြည်လည်းဒီကိုရောက်လာတယ်။ တက္ကသိုလ်ကျောင်းသားတစ်ယောက် သေသွားတဲ့ကိစ္စမှာ မူးယစ်ဆေးရှာတွေ့လို့ လာစုံစမ်းကြတာ။
တကယ်တော့ အဲ့ဒီကျောင်းသားလေးက ဒရယ်ဂွန့်လက်အောက်ကလူဗျ။ ဖြန့်ချီရေးအပိုင်းမှာ သူကတော်တော်လေး အသုံးဝင်ခဲ့တယ်။ ဘယ်လိုဖြစ်တယ်တော့ မသိပေမယ့် ဒရယ်ဂွန်မိတ္ထီလာကို ရောက်ပြီး သိပ်မကြာဘူး အဲ့ဒီကောင်လေးကိုရှင်းထုတ်လိုက်တယ်။
ပြီးတော့ 'စိန်စီရီခြယ်' ကို ထိုးချလိုက်တယ်...အဲ့တာကြောင့် ထွန်းမြင့်ရဲ့သားက ကျွန်တော်တို့ကို တမင်ရည်ရွယ်တာပဲဖြစ်မယ်..."
"တောက်...ငါကွာ"
စိတ်တိုတိုဖြင့် လက်ထဲမှာ ကိုင်ထားသောဓားမြှောင်ကို လှမ်းပစ်လိုက်တော့ မလှမ်းမကမ်းက ကျွန်းပင်မှာ သွားစိုက်နေသည်။
"မြေးငယ်...."
"ဖေဖေကြီး...."
နောက်လိုက်အပေါင်းခြံရံလျက် တုတ်ကောက်တစ်ချောင်းကို အားပြု၍လျှောက်လာသော ဖေဖေကြီးကို မြင်တော့ ချက်ချင်းခဏမှာ သူပြာသွားရသည်။
"ကျောက်စိမ်းတွေ ဖြတ်လုခံလိုက်ရတယ်ဆို..."
ဖေဖေကြီးက အားလုံးကို သိထားပြီးပုံစံနှင့်မို့ သူ,မလိမ်ဝံ့တော့ပဲ မအီမသာဖြင့် ခေါင်းကို ငြိမ့်ပြလိုက်ရင်း...
"ကျွန်တော် ထင်လို့သွားခဲ့ပေမယ့် နည်းနည်းလေးနောက်ကျသွားခဲ့တယ် ဖေဖေကြီး။ နောက် မဖြစ်စေရပါဘူး"
YOU ARE READING
အချစ်ဦး (Completed)