Extra (1)

4.2K 143 18
                                    

"သမီးငယ် ဘယ်သွားလဲ ကိုမှိုင်း"

ညနေငါးနာရီကျော်သည်အထိအိမ်ပြန်ရောက်မလာသေးတဲ့ သမီးငယ်ကြောင့်နဲ့ သူသည် ကိုမှိုင်းထံသို့ဖုန်းလှမ်းဆက်ရလေသည်။

ညနေမှာမိုးရွာမည်စိုး၍ အိမ်ကို အစောပြန်လာဖို့ရန်အတွက် ဒီဟာလေးကို သူသေချာမှာလိုက်သည်။သို့သော်လည်း အခုမိုးတွေအသည်းအသန် ရွာသွန်းနေသည့် အချိန်ထိတိုင် ဒီဟာလေးဟာ အိမ်ကိုပြန်မလာသေးပေ။

"ဘာ ဒီလောက်မိုးရွာနေတာကို။ ဒီဟာလေးတော့ နာချင်နေပြီ။"

"အဲ့လောက်လဲ မစိုးရိမ်ပါနဲ့ သခင်လေး။ ကျွန်တော်တို့ မမလေးနားမှာ ရှိနေပါတယ်။"

မိုးရွာနေသည်ကြောင့် ကိုမှိုင်းဘက်က အသံကိုသဲသဲကွဲကွဲ မကြားရသော်လည်း အဖြစ်နိုင်ဆုံးကတော့ သူ့ကိုစိတ်မပူဖို့ပြောနေတာပဲ ဖြစ်ရမည်။ ကိုမှိုင်းအပြင် လွန်ခဲ့တဲ့လကတည်းကအောက်ကျင်းကိုဆင်းလာတဲ့ ကိုနန္ဒလည်းပါသည်မို့ စိတ်ချ၍ရသော်လည်းဘာပဲဖြစ်ဖြစ် အခုလိုမိုးရွာနေသည့် အချိန်လေးမှာ သမီးငယ်ကိုအနားမှာရှိနေစေချင်သည်။

"ပါပါး...."

ကိုယ့်မိန်းမကိုယ် ဖက်အိပ်ဖို့ရန်အတွက် စိတ်ကူးလေးကိုပင် အပြည့်အ၀မယဥ်ရသေးခင်မှာ ပါပါး‌ဆိုသောတိမ်ရောင်လေး၏အသံကြောင့်နဲ့...."ဘာလိုလို့လဲ...သမီး"ဟုမေးလိုက်ရသည်။

"သမီးလို့မခေါ်နဲ့လေ ပါပါး"

"ဟောဗျာ...သမီးလို့ မခေါ်တော့ ဘယ်လိုခေါ်ရမလဲဗျ"

"တိမ်လွှာလို့ပဲခေါ်လိုက် ပါပါး"

ဆရာမကြီး ဒေါ်လရောင်ထည်ဝါသော တစ်ယောက် ဘာတွေတွေးနေပြန်ပြီလဲဆိုတာကို သူ,မသိသေးသော်လည်း ထပ်မမေးသေးပဲ တိမ်လွှာလေးနားမှာလာရပ်နေသည့် လရောင်လေးကို ကြင်နာစွာနဲ့ကြည့်မိတော့သည်။

ထိုသို့ကြည့်နေစဥ်မှာပဲ နောက်ထပ်အနားကိုရောက်လာသည့် ဆရာမကြီးတို့ရဲ့အကြီးအကဲ ကြယ်ရောင်ထည်ဝါသော,က....
"ကျောင်းကလူတွေကလေ နင့်အဖေရဲ့ သမီးအငယ်ဆုံးက နင့်အမေလာဆိုပြီး အာချောင်တယ်။ ပါပါးက မားကို သမီးငယ်လို့ ခေါ်တာဆိုလေ...အဲ့တာကြောင့် နောက်ဆို ကြယ်ရောင်တို့ကို နာမည်လေးပဲခေါ်တော့နော်"

အချစ်ဦး (Completed)Where stories live. Discover now