ဖာလူဒါသောက်နေရင်းမှ မျက်နှာမဲ့သွားတဲ့ သမီးငယ်ကြောင့် သာကူစေ့လေးတွေကို သူ့မှာသတိတရနဲ့ ဖြစ်သွားရသည်။ ငယ်ငယ်ထဲက အစိအစိလေးတွေကို ဝါးရမှာကြောက်တယ်လို့ ပြောခဲ့သူက bubble teaကိုလည်း ခုံမင်တတ်ခဲ့သူ,မဖြစ်ခဲ့ပဲ ဖာလူဒါမှာပါတဲ့ သာကူစေ့ဆိုရင်တောင် သူ့ခွက်ထဲကို ထည့်ပေးတတ်သူဖြစ်သည်။
သူတွေးရင်း ကြည့်ရင်းနဲ့မှာပဲ ကြိုတင်တွေးမိလိုက်သည့်အတိုင်းပင် သမီးငယ်က သူ့ရှေ့မှာချထားသော ဖာလူဒါခွက်ကို ယူသွားသည်။
"ဘာပြုံးတာလဲ..."
အစေ့လေးကို ဇွန်းနဲ့အသေအချာခပ်ထည့်နေရင်းမှ သူ့ထံသို့ မျက်မှောင်ကျုံ့ကြည့်ကာပြောလာသည်။
"ငါပါးစပ်နဲ့ ငါပြုံးတာပဲ။ နင်နဲ့ဘာဆိုင်တာကြလို့..."
ဘဲကင်တစ်ခုကို တူဖြစ်လှမ်းယူလိုက်ပြီး ပါးစပ်ထဲကောက်ထည့်ဖြစ်သည်။"ထည်ဝါ....နင်သိလား။"
"မသိဘူး..."
"ဒီက ပူတင်းကတကယ်ကောင်းတယ်...."
ပြောပြီးချက်ချင်းပဲ သူ့ခွက်ဟုသတ်မှတ်ထားသော ဖာလူဒါခွက်ထဲမှ ပူတင်းကိုဇွန်းနဲ့အပြည့်ယူပြီး ပါးစပ်ထဲထည့်သည့် သမီးငယ်က ငယ်ငယ်ကလို အစားအသောက်ကို အကောင်းကြိုက်နေဆဲဖြစ်သည်။
သူဘာမှအထူးအထွေပြောမနေတော့ပဲ သမီးငယ်ဆီကနေ သူ့ခွက်ကို လှမ်းယူလိုက်သည်။ သူ့လက်တံတွေက ရှည်တာကြောင့် ဖာလူဒါခွက်ကိုလှမ်းယူသည့် အချိန်မှာ သမီးငယ်ကဲ့သို့ကုန်းကွမနေရပါလေ။ ဒါကပဲ ကလေးနဲ့လူကြီးနဲ့ကြားက ကွာခြားချက်ဖြစ်သည်။
"ငါ အလှပြင်သင်တန်းသွားတတ်မလို့...."
"အင်း..တတ်ချင်တတ်ပေါ့။ ဒီတစ်ခါတော့ ပြီးဆုံးအောင် လုပ်လိုက်။"
"အင်း..."
စားနေရင်းကနေ ခေါင်းတွေအသေအချာ ငြိမ့်ပြပြီး သူ့စကားကို နာခံခဲ့ပေမယ့်လည်း သင်တန်းချိန်က ငယ့်အတွက်တော့ အရမ်းကို ကသီလွန်းနေသည်။ငယ်သင်သည့် ဆရာက နာမည်ကြီးပေမို့အချိန်အပိုင်းအခြားက အရမ်းကိုမှ ခဲရာခဲဆစ်ယူပြီး သင်ကြားပေးတာဖြစ်သည်။ မနက်၈နာရီ တစ်ချိန်အတန်းရှိပြီး ညနေဘက်မှာ၄နာရီတစ်ချိန်ဖြင့် တစ်ရက်ကိုနှစ်ချိန် ထားပေးသည်။
YOU ARE READING
အချစ်ဦး (Completed)