ပထမအတန်းချိန်နှစ်ချိန်အပြီးမှာ ငယ်သည် ဝင်လာသောမက်ဆေ့ကြောင့်နဲ့ နောက်ထပ်တစ်ချိန် ဆရာ,မဝင်ခင် အခန်းပြင်သို့ထွက်ခဲ့လိုက်သည်။
အတန်းထဲမှာက ငယ်နဲ့ရင်းနှီိးပြုံးပြဆက်ဆံရေးသာရှိကြသူ များသည်။ ငယ်အနေနဲ့ကလည်း အသက်အရွယ်ကတစ်ကြောင်း၊ အခြေအနေတွေကတစ်ကြောင်းနှင့် အတန်းဖော်တွေနှင့် ရင်းရင်းနှီိးနှီိးဆက်ဆံဖို့ခဲယဥ်းသည်။
ထို့ကြောင့် တွယ်တာတို့တွေငယ့်ဆီကို လာလည်သည့်အခါမှ ငယ်ကအတန်းပြင်ကို ထွက်ဖြစ်တာဖြစ်သည်။ မဟုတ်လျှင် အတန်းထဲမှာပဲ ငြိမ်နေတတ်ပြီး အတန်းပြီးသည်နှင့်အိမ်သို့ပြန်တာဖြစ်သည်။
"လာ..ထိုင် ငယ်။"
ငယ့်ထက်အရင် ရောက်နှင့်နေကြသူများ၏အလယ်တွင်ရှိသော ခုံအလွတ်တစ်လုံးမှာ ဝင်ထိုင်လိုက်ရင်း သူငယ်ချင်းများနှင့်ဆက်နွှယ်ပြီးမှ သိကြရသောအမျိုးသားများအား ပြုံးပြရသည်။
"ငါတို့က နင် အတန်းမလစ်ရဲမှာ စိုးနေတာ။"
"ပြောပါဦး...ပုဂံသွားမယ့်ကိစ္စ ဘယ်လိုဖြစ်သွားပြီလဲ။"
"ငါ့မွေးနေ့ အမှီသွားမှာနော် ငယ်။"
မွေးနေ့ရှင်ဖြစ်မည့် ဒေလီယာရဲ့စကားပြီးနောက်တွင် ငယ်သည် အနီးရှိရေဗူးထဲမှ ရေကိုခွက်ထဲအပြည့်ဖြည့်ပြီး မော့သောက်ချလိုက်သည်။ ရေသောက်လို့ပြီးမှ ခွက်ကိုစားပွဲပေါ်သို့ပြန်ချသောအခါတွင် အကြည့်များအားလုံးက ငယ့်ထံသို့ရောက်နေကြောင်းကို မြင်တွေ့လိုက်ရသည်။
သို့နှင့်...
"ကျစ်...ငါပြောတာပဲ။ ပြောတာမှ ဆက်တိုက်ကို ပြောနေတာ။ ဒါမယ့် ထည်ဝါကမလှုပ်ဘူးဖြစ်နေတယ်။""ဘာဖြစ်လို့တဲ့လဲ...အဲ့ဒီအချိန်ကျ စာမေးပွဲလည်းပြီးပြီကို"
"ဒီလိုလုပ်လေ ငယ်၊ နင့်ယောကျာ်းကို ထားခဲ့ပြီး နင်ပဲလိုက်ခဲ့ပါလား။ "
"တွယ်တာဦးပြောတာ မှန်တယ် ငယ်။ ပြောလို့မရရင် သူ့ကိုထားခဲ့ပြီးနင်တော့လိုက်လေ ငယ်ရာ။ ငါ့မွေးနေ့မှာ သူငယ်ချင်းတွေဆုံစေချင်တာဟ။"
YOU ARE READING
အချစ်ဦး (Completed)