အပိုင်း (၁၃)

3.2K 136 9
                                    

Social Mediaတွင် ပျံနှံ့နေသော အသားညိုညို၊ ဘော်ဒီတောင့်တောင့်နှင့် ဆံပင်အရှည်တွေကို ပိုင်ဆိုင်ထားသော အမျိုးသားသည် ငယ်ရဲ့ထည်ဝါ့လို့ ပြော၍မရလောက်အောင်ကို သူ့ဘေးနားမှာ ကောင်မလေးတွေက ဝိုင်းရံထားသော ဓာတ်ပုံဖြစ်နေသည်။

"ဒါက စကော့တလန်က မော်ဒယ်လေ။ မနှစ်က Miss Worldမှာ second runner upရတာ။ အခုလိုကျတော့လည်း တော်တော်လေးလှတာပဲ...."

ထည်ဝါ့နံဘေးမှာ ရပ်၍နေသည့် မိန်းကလေးကို လက်ညှိုးဖြင့်ထောက်ထားရင်း ပြောနေပုံက တော်တော်လေးကို အံ့သြဖို့ကောင်းလောက်သည်။ တွယ်တာဦးဆိုသည့် သူငယ်ချင်းမသည် Social Mediaပေါ်က Commentတစ်ခု၊ Statusတစ်ကြောင်းနဲ့တင် အားလုံးကို သိအောင်စုံစမ်းနိုင်သည်အထိကို ထိုနေရာမှာ စူးစမ်းမှုအားကောင်းတာဖြစ်သည်။

"ဒါက ဂျပန်က...သူ့အဖေက ရှေ့ဖြစ်ဟောတာလားပဲ။ ပဲရစ်မှာ ဖက်ရှင်သင်တန်းသွားတတ်တာ"

"နင်ကလည်း ဟုတ်ရောဟုတ်ရဲ့လား။"

"ငါတကယ်ပြောတာ...ဒါကိုကြည့် ဒါဆိုရင် ကားပြိုင်ပွဲတွေမှာလေ အလံကိုင်တဲ့မော်ဒယ်၊ သူ့နာမည်ကို ငါသိပါတယ်...."

စဥ်စားနေရင်းဖြင့် တွယ်တာဦး၏မျက်လုံးများက တစ်စထက်တစ်စ ပိုလို့ပြူးကျယ်လာတာကို ငယ်သတိထားမိပေမယ့်လည်း ငယ့်ဘေးတွင်ထိုင်နေသော ဖြူဖြူဝင်းက တွယ်တာဦး၏ဖြေသံကိုသာ အာရုံစိုက်နေလေသည်။

"Adamsmith ဟုတ်တယ်....သူ့အဖေက Smithလေ။ ဘောလုံးအသင်းတွေ ပျိုးထောင်ထောင်တာ။ သူ့ကိုလိင်တူစုံတွဲက မွေးထားတာ...."

"ဟုတ်လား...ဒါဆို သူနဲ့ ဒီကောင်မလေးတွေနဲ့က"

ဖြူဖြူဝင်း၏ အမေးကြောင့် ငယ့်သည်မသိမသာနဲ့ မျက်လုံးတို့ကို ကျဥ်းမြောင်းထားလိုက်ပြီး တွယ်တာဦး ထံကိုကြည့်နေလိုက်သည်။ ဒီတစ်ခါမှာ တွယ်တာဦး၏ အပြောကို ငယ်ပါ စောင့်ဆိုင်းနေတာဖြစ်သည်။

"သူ့ကိုကြည့်ရတာ အဲ့ဒီဘက်အသိုင်းအဝိုင်းမှာပါ တော်တော်လေး ပေါက်ရောက်တဲ့ပုံပါ။ ငါ့အထင်အရတော့ သူတို့တွေထဲမှာ ဘယ်သူနဲ့မှ ဘာမှဖြစ်တဲ့ပုံတော့ မပေါ်သေးပါဘူး....."

အချစ်ဦး (Completed)Where stories live. Discover now