အပိုင်း (၃၈)

3K 148 11
                                    

"Happy birthday to you. Happy birthday to you. Happy birthday to my Nge......happy birthday"

ဒီအသံကြောင့် ငယ့်မှာ ကြည်နူးတာထက်ကို ပိုရသည်။ ဒီလိုမိသားစုအစုံအလင်နဲ့ မွေးနေ့မနက်ခင်းကို ကြိုဆိုရတာ သိပ်ကိုကြည်နူးဖို့ကောင်းသည်။

"ဖယောင်းတိုင် မှုတ်လေ ငယ်၊ ဆုအရင်တောင်းဦး...."

ကိတ်ကို ကိုင်ထားပေးသူ မမနေခြည်၏မျက်နှာကို မော့ကြည့်လိုက်ရင်း ငယ့်ပါးပြင်ဆီသို့စီးကျလာသော ဒီမျက်ရည်တွေကို အသာအယာဖယ်ရှားကာ ပြုံးနေမိသည်။

"Happy birthday ငယ်...."

ငယ်ဖယောင်းတိုင်မမှုတ်ရသေးခင်မှာပဲ ကမ်းလင့်လာသည့် parkingအထုတ်လေးကို ငယ့်မှာဝမ်းပမ်းတသာနဲ့ပင် လက်ခံရရှိလိုက်ရသည်။ အကိုလေးရောင်ဝါပေးတာဆိုတော့ လက်ဆောင်သည် တော်ရုံတော့မဟုတ်နိုင်ပေ။

"Suprise ငယ်၊ happy birthday..."

အခန်းတံခါးဖွင့်သံနှင့်အတူ ကြားလိုက်ရသည့် ကျယ်လောင်လှသော အသံများကြောင့် အမွှာသုံးယောက်က အာရုဏ်ဦးရဲ့သာယာခြင်း ငိုသံများဖြင့် နိုးထလာကြလေသည်

"အသက် ချော့လိုက်မယ် ငယ်....."

သို့နှင့် အိပ်ရာထဲကနေ ထ,ရပ်ဖို့ပြင်နေသည့် ငယ်သည် အသက်ကိုပဲ ကျေးဇူးတင်ကြောင်းအပြုံးလေးတစ်ပွင့်ပေးလိုက်ရသည်။

အသက်၏နေရာတွင် အတင်းတိုးဝှေ့ကာနေရာယူလာကြသော မိုးမြင့်နှင့်ဒေလီယာကြောင့် အကိုလေးရောင်ဝါတို့ကပါ နောက်ဆုတ်ပေးလိုက်ရသည်။ အခုထိ အရမ်းသွက်လက်လွန်းတဲ့ ဒီသူငယ်ချင်းမတွေဟာ သူတို့ယူလာတဲ့ ကိတ်ကိုထုတ်ပြီး အမနေခြည်နဲ့အပြိုင်ကမ်းလင့်လိုက်ပြီး
"Happy birthday ငယ်" ဟု ကသောကမြောနဲ့ ပြောလာလေသည်။

"တို့က အရင်ရောက်တာပါနော်...."

"ဟီးးး...မမနေခြည့် သဘောပါနော်။"

ဒေလီယာ့အပြောကြောင့် မမနေခြည်က ပခုံးကိုတွန့်လိုက်ပြီး နောက်သို့ဆုတ်သွားလေသည်။ ဒီလိုအမူအရာလေးကိုပဲ ငယ်တို့အားလုံးက ရယ်မောခဲ့ကြရသည်။

"တကယ်ဟာ မမနေခြည်လို အလှလေးနဲ့သာဆိုရင် ယောကျာ်းတွေဘယ်လိုတော့မလဲ"

အချစ်ဦး (Completed)Where stories live. Discover now