"သမီး..."
ငယ်သည် နာရီပေါင်းများစွာကြာအောင် ဆိုဖာအထက်မှာ မှီနွဲ့ထိုင်ရင်း TV Screenအထက်မှ မျက်နှာလွဲလို့မရပဲ ရှိနေသည်။ မျက်စိရှေ့တွင်မြင်နေရသော ဇာတ်လိုက်မင်းသားနဲ့မင်သမီးတို့ ကြည်နူးနေကြသော မြင်ကွင်းက ငယ့်မျက်နှာတစ်ခုလုံးကို ပျားရည်လောင်းထားသကဲ့သို့ ချိုမြိန်နေစေသည်။
"သမီးငယ်လေး......"
ခေါ်သံနှင့်အတူ ထိတွေ့လာသည့် လက်အစုံကြောင့် ငယ့်မှာမျက်နှာပိုးကို မနည်းပဲသတ်လိုက်ပြီးလှည့်ကြည့်လိုက်တော့ ငယ့်ဖေဖေက ငယ့်အားမျက်လုံးမှိတ်ကာခေါင်းရမ်းလို့ပြနေလေသည်။
"ဒီကားလေး ပြီးရင် တော်ပါပြီဖေဖေရဲ့....."
"တော်ပြီလေ သမီးရယ်။ ဒီနေ့နဲ့ဆို တစ်လတောင်ကျော်နေပြီ။ သမီးကိုယ်သမီးလည်း ကြည့်ပါဦးလား......အရမ်းပိန်သွားပြီ"
"ဟုတ်လား...."
"အင်း...အဲ့တာကြောင့် TVကြည့်တာကို ရပ်လိုက်တော့နော်။ ဖေဖေတို့ ဆိပ်ကမ်းဘက်ကို သွားရအောင်....."
ဒီနည်းနဲ့မဟုတ်လည်း ငယ့်ဖေဖေက ငယ့်ကိုTVရှေ့မှ ထစေတော့မည်ဟု ငယ်တွေးမိသည်။ ဇာတ်ကားကို အခုချိန်မှာ မရပ်လိုက်ချင်ပေမယ့်လည်း ဖေဖေ့စကားတွေအများကြီးကို နားထောင်ဖို့ခံနိုင်ရည်မရှိတာကြောင့် ခေါင်းကိုသာ ညိမ့်ပြလိုက်တော့သည်။
"ဒါဆို သွားကြရအောင်..."
ငယ်သည် ဖေဖေ့လက်ကိုတွယ်ချိတ်လိုက်ပြီး အိပ်ချင်နေသောမျက်လုံးများဖြင့် ဖေဖေ့အားဖျော့တော့စွာနှင့် ပြုံးပြလိုက်ရင်း ဖေဖေနဲ့အတူပဲ အိမ်ကနေထွက်ခဲ့လိုက်သည်။
ငယ်ကိုယ်တိုင်လည်း မျက်လုံးတွေအနားယူဖို့လိုနေပြီဟု ယူဆထားသည်ကြောင့် ကားပေါ်မှာ တစ်လမ်းလုံး အိပ်ပြီးလိုက်ခဲ့လိုက်သည်။ ဒါကို ဖေဖေကအပြစ်မယူပဲ သီချင်းအေးအေးလေးတွေကို ကားအတွင်းတွင် ပျံ့နှံ့စေဖို့အတွက် စတင်ပြီး သီချင်းညီးတော့သည်။
🎶သူပန်ထားတဲ့ ပန်းနီနီ
နေရာခဏလဲချင်သည်။
ကြင်နာသူလေးလှဖို့ အစွမ်းကုန်ကြိုးစားမည်။
ရင်မှာဒီလောက်ချစ်ပါသည်။ သူပျော်တာအမြဲတွေ့ချင်သည်။ သူ့အရိပ်ဖြင့်အမြဲရှိနေတတ်ပြီ....
YOU ARE READING
အချစ်ဦး (Completed)