မှေးစက်နေတဲ့ မျက်ခွံလေးတွေအထက်မှာ ထင်းနေသည့်သွေးကြောယှက်ဖြာမှုများနှင့် သမီးငယ်ဟာ အေးချမ်းစွာဖြင့်အိပ်စက်လို့နေပုံကို သူတမေ့တမောနဲ့ငေးကြည့်နေမိတာ မနက်၃နာရီပင်ထိုးပြီဖြစ်သည်။
အသိစိတ်တွေလွတ်ပြီး သောင်းကျန်းခဲ့တဲ့ညရဲ့ ရင်ခုန်ဖွယ်ရာအချိန်တွေကုန်ဆုံးလို့သွားသည်အထိ သူဟာဒီမျက်နှာလေးကိုပဲ ငေးမောလို့ကြည့်နေခဲ့သည်က အခုထိတိုင် တစ်မှေးမှမမှေးရသေးပေ။
အိမ်မက်တွေလှနေလို့လားတော့မပြောတတ်ပေမယ့် အိပ်နေရင်းဖြင့်စွတ်ဖြန့်လာတဲ့သမီးငယ်ရဲ့အပြုံးမျက်နှာလေးကြောင့် မချင့်မရဲနဲ့ပဲ သူ့မှာခပ်ဖွဖွအနမ်းလေးတစ်ပွင့် ခြွေချမိသည်။
"ထည်ဝါ....."
အရူးတစ်ယောက်လို မြှောက်ကြွမှုတွေဖြင့် သူ့နာမည်ကိုခေါ်ရင် လှေကားအတိုင်းအောက်သို့ဆင်းလာသည့်အချိန်တွင် ဧည့်ခန်းတွင်ထိုင်နေကြသော သူ့မိသားစုဝင်များသည် ငယ့်ကိုအနားလာခဲ့ဖို့ပြောသည်။
"ဘာဖြစ်လို့လဲ အသက်...."
ဆိုဖာကိုမှီလျက် မတ်တပ်ရပ်နေသော အသက်ထံသို့ မေးလိုက်တာဖြစ်သော်လည်း...
"ထည်ဝါ သွားပြန်ပြီ" ဆိုသောအသံက မမနေခြည်ထံမှကြားရခြင်းဖြစ်သည်။"ဘယ်ကိုသွားတာလဲ...."
အမေးနှင့်အတူ ငယ့်ရင်ထဲမှာ စို့နင့်လာသည့်ခံစားချက်များကြောင့် ငယ်သည် အိမ်နေရင်းစီးထားသော အဝတ်ဖိနပ်လေးဖြင့်ပင် အိမ်အပြင်သို့ပြေးထွက်ကာ အိမ်ရှေ့လမ်းတစ်လျှောက်ကို မြန်မြန်ပြေးရင်း ကြည့်မိသည်။သူ့ကားနောက်မြှီိးလေးကိုပဲ မြင်ရမြင်ရဆိုသော အသိနဲ့ အားကုန်ထုတ်၍ ပြေးလိုက်သော်လည်း ထုံးစံအတိုင်းပါပဲ ဒီတစ်ကြိမ်မှာလည်း ငယ့်မှာသူ့ကိုနှုတ်ဆက်ခွင့်တောင်မရလိုက်ပဲ ကျန်ခဲ့ရပြန်သည်။
အမြဲတမ်းထားရစ်ခဲ့သူဟာ သူသာဖြစ်ပြီး ကျန်ရစ်ခဲ့ရသူကတော့ ငယ်ပဲဖြစ်နေခဲ့သည်။ ဘယ်လိုပဲ ငယ့်လုပ်ငန်းတွေကို သွားပြီးဦးစီးလုပ်ကိုင်ပေးနေသည်ပဲဆိုပါစေ အခုလိုအဆက်အသွယ်မလုပ်ပဲ ငယ့်ကိုပစ်ထားတဲ့သူ့ကို ငယ့်မှာစိတ်နာချင်လာသည်။
YOU ARE READING
အချစ်ဦး (Completed)