ရုတ်တရပ်မာမီ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ပေးသူက ဒယ်ဒီပင်။
"မာမီ......"
"အင်း ထည်ဝါ....."
"မာမီနေကောင်းရဲ့လား။"
"ငါလား....။ နေကကောင်းပါတယ်။"
သူ့အတွေးက မှန်ကန်နေသည်။ မာမီ့မျက်နှာမှာ တစ်ခုခုဖြစ်နေသည်ကို အသိစိတ်က မြင်နေရသည်။ အခုအခါစကားအရလည်း မာမီကတွေဝေစွာပင် ဖြေသည်။
"ဘာမှမဖြစ်ဘူး မာမီ။ ကျွန်တော်ရှိတယ်။"မာမီ့ကိုယ်လေးအား ပွေ့ပိုက်ပြီးပြောဖြစ်တော့ သူ့ဆီကိုအားကိုးတကြီးနဲ့မော့ကြည့်လာသည်။ ထိုသို့မာမီ့အကြည့်တွေမှာ အရည်ကြည်တွေခိုကပ်ပြန်သေးသည်။
"မာမီ....."
"အကွေး ဘာဖြစ်တာလဲ။
ကျွန်တော့်ကိုကြည့်ပါဦး။ အကွေးဘာဖြစ်လို့လဲဗျာ။"အနားကိုရောက်လာသည့် ဒယ်ဒီကချက်ချင်းမှာပဲ မာမီ့ခန္ဓာကိုယ်လေးအား ဆွဲယူပြီး ညင်သာစွာမေးမြန်းသည်။ ဒီလိုဆိုတော့အသားကျစွာပဲ ဒယ်ဒီ့ရင်ခွင်ထဲ ခိုဝင်သွားတဲ့မာမီက ခေါင်းကိုယမ်းသည်။
"ကျွန်တော်ရှိတာပဲ။
အကွေးပြောလေ.... အကွေးဘာဖြစ်ချင်လို့လဲ။
ကျွန်တော် ဘာလုပ်ပေးရမလဲ။""ကောင်း....."
"အင်း အကွေး......။"
"ငါတို့တွေ အသက်ပြန်ငယ်လိုက်လို့မရဘူးလားဟင်။"
ဝမ်းနည်းစွာငိုရှိုက်သံတွေကြားမှမေးသံကြောင့် အိမ်ရှေ့သို့ရောက်လာပြီဖြစ်သော နေခြည်ကနားမလည်နိုင်သေး။ အနားမှာတစ်ချိန်လုံးရှိနေသည့် သူကိုယ်တိုင်လည်း မာမီ့အပြောကိုလိုက်မမှီနိုင်အောင်ဖြစ်သည်။
ဘာကြောင့် အသက်ငယ်ချင်သည်မသိပေမယ့် မာမီ့သက်ဆိုင်သူကတော့ အကြောင်းအရင်းကိုသိရှာပုံပေါ်သည်။
"လူရယ်လို့ ဖြစ်လာမှတော့ အကွေးရယ်ဗျာ။
တစ်နေ့တော့ ဒါတွေကိုကြုံတွေ့ရတာမဆန်းဘူးလေ ကျွန်တော့်အကွေး။""ဟင့်အင်း ကောင်း။ ငါ အသက်မကြီးချင်တော့ဘူး။
ငါ ငါကောင်းကိုထားပြီး တကယ်ထွက်မသွားချင်ဘူး။"
YOU ARE READING
အချစ်ဦး (Completed)