အပိုင်း (၂၈)

3.3K 136 4
                                    

"တံဆိပ်တုံးပြန်ပေးလို့ပြီလား သမီးငယ်"

Dinnerကနေအပြန် သူနဲ့အတူ သူ့အိမ်ကိုလိုက်လာရခြင်းအကြောင်းတရားတွေကို ငယ်သည် အခန်းထဲရောက်သည်နှင့် မှန်တင်ခုံဟုသတ်မှတ်ထားသော ခုံရှေ့တွင် ထိုင်ကာစဥ်းစားနေရင်းမှ ကုတင်အထက်တွင်အေးသက်စွာလှဲလျောင်းနေသော သူ့ထံမှစတင်၍ အသံထွက်လာတာဖြစ်သည်။

ထိုကြောင့် ငယ်လည်း ချက်ချင်းပဲမှန်ကိုကျောခိုင်းပြီး သူရှိရာဘက်သို့ခန္ဓာကိုယ်ကိုလှည့်လည်လိုက်သည်။ အခုထိတိုင် ငယ်ရောသူရော အဝတ်လဲဖို့ကိုအာရုံမရကြသလိုပါပင်။

"ဘာလို့ ငါ့အိမ်မပြန်တာလဲထည်ဝါ...."

အမှန်အတိုင်းပြောရလျှင် ငယ့်အိမ်၊ငယ့်နေရာမှာပဲ ရှင်သန်ခဲ့တဲ့ အသိစိတ်ဟာ အခုလိုထည်ဝါ့အိမ်ဆိုလျှင်တောင်မှ သူ့မိဘ၊မောင်နှမများနှင့်အတူရှိနေသော အိမ်ကိုတော့ လိုက်မလာချင်တာအမှန်ပါ။ ငယ့်ဆန္ဒရှိသည်က ထည်ဝါနဲ့ငယ်နဲ့အတူနေဖို့အတွက် ငယ့်အိမ်ကိုပဲ တောင့်တသည်။

သူစိမ်းအိမ်ဆိုသည့်အသိက ဘာရယ်မဟုတ်ပဲ ငယ့်ကိုမဝံ့မရဲဆိုသလို ခံစားရစေသည်။

"သူများအိမ်မဟုတ်ဘူး သမီးငယ်။ ဒါငါ့အိမ်လေ...အခုနင်နဲ့ငါနဲ့က လက်ထပ်ခဲ့ပြီးပြီ၊ ယောင်နောက်ဆံထုံးပါရမှာထုံးစံပဲ။"

"လက်ထပ်ပြီးပြီ....ငါ အခုထိနားမလည်သေးဘူး ထည်ဝါ။"

မှန်တင်ခုံရှေ့ကနေရပ်ပြီး သူရှိရာသို့လျှောက်လာလှမ်းသော အနက်ရောင်dressingနဲ့ သမီးငယ်ဆီ
က ခြေလှမ်းလိုက်တိုင်းမှာ ခြူးသံသဲ့သဲ့လေးကြားနေရသည်။ ဒီခြူးသံကို သူသိသည်....သူပထမဆုံးအကြိမ်အဖြစ် ရွှေရသည်အထိကျင်ဖူးတဲ့အချိန်၊ ဖိုထဲမှာ အရောင်တွေပြောင်းလာသည့် ရွှေစင်ရွှေသားကို ပထမဆုံးအကြိမ်ဖြစ် သူကိုယ်တိုင်လှော်ခတ်ခဲ့ရမှ ရလာသည့် ၁၆ပဲရည်ရွှေဝင်မှာတစ်ကျပ်သားပင်မပြည့်တပြည့်ကို သမီးငယ်အတွက်ဆိုပြီး ပန်းထိမ်ဆရာနဲ့တိုင်ပင်ကာ အပ်ခဲ့ရသည် ရွှေခြေချင်းလေးဖြစ်သည်။

သူ့အတွေးတွေကို သမီးငယ်က အတည်ပြုပေးလေသည်။ သူအမှီတည်ကာ ရှိနေသည့်ကုတင်အထက်ကို သမီးငယ်လည်းရောက်လာသည်။ ဂါဝန်ကို အနည်းငယ်မြှောက်လိုက်သည်နှင့် ညာဘက်ခြေထောက်တွင် ဆင်မြန်းလို့ထားသည့် ခြူးလေးက အခုထိတိုင် သမီးငယ်နှင့်တော်နေဆဲဖြစ်သည်။

အချစ်ဦး (Completed)Where stories live. Discover now