'ခွမ်း !!!!'
အော်သံများ၏ အဆုံးသတ်တွင် မှိန်ပြပြနှင့် အလင်းရောင်သဲ့သဲ့ကို ပေးစွမ်းနေသောမီးလုံးသည်လည်း သူ့လက်ချက်ဖြင့် ကျကွဲလေတော့သည်။
နာကျင်လွန်း၍ အသံများပြာဝင်သည်အထိအော်ဟစ်ကာ အကူအညီတောင်းနေသံတို့ကို ကြားနေရသော်လည်း ငယ်သည် ဤနေရာမှမထချင်သေးပေ။ ဒီနေရာမှာ လှဲလျောင်းနေရင်းမှ အမှောင်အတိကျသွားသော မြင်ကွင်းနှင့်အတူ...
"ထည်ဝါ..." ဆိုသော ခေါ်သံများကိုတပြိုင်နက်တည်းကြားလိုက်ရလေသည်။"တားထား ဒရယ်ဂွန်၊ ဝင်မလာစေနဲ့...."
သူသည် သံတုတ်ကိုကိုင်ထားလျက်ကပင် နောက်သို့တစ်ချက်လှည့်မကြည့်ပဲထိုသို့ပြောလိုက်သည်။ ထိုအခါမှာ ရောင်ဝါတို့ကားနဲ့လိုက်လာသော ဒရယ်ဂွန်သည် ရောင်ဝါ့နံဘေးမှာ ရပ်နေရင်းကနေ ချက်ချင်းပဲ လူတစ်ချို့ကိုလက်ပြလျက်ခေါ်ကာ ရောင်ဝါတို့မိသားစုရှေ့ကနေ ပိတ်ရပ်လေသည်။
အခန်းသည် အမှောင်အတိကျနေသည့်တိုင် ရောင်ဝါတို့ရပ်နေသော အဝင်ဝနေရာတွင် အလင်းခံပြား၏ကောင်းမှုကြောင့် မျက်စိရှေ့နှစ်တောင်ခန့်မျှကိုမြင်နေရသော်လည်း ထိုမှလွန်သော် အရာအားလုံးဟာ အမှောင်ထုကြည့်သာဖြစ်၍နေသည်။
'ဘုန်း !!! ခွက်....အင့်!!!"
ပုံမှန်လူတစ်ယောက်အဖို့ရာ ကြက်သီးထ,ဖွယ်ဖြစ်သော ထိုသို့ရိုက်နှက်သံများကြောင့် လခြမ်းကွေးသည် သားငယ်ဖြစ်သူကိုစိုးရိမ်လျက် သူမရှေ့တွင် တားဆီထားသောလူများကို တွန်းဖယ်ကာ ရှေ့သို့သွားဖို့လုပ်သည်။
"ဖယ်ပေး....ဖယ်လို့...."
သို့သော်လည်း သူမ၏ကြိုးစားမှုသည် အချည်းအနှီးသာဖြစ်ရသည်။ သူမရှေ့မှာရပ်နေသည့် ဒရယ်နှင့်နန္ဒတို့အုပ်စုသည် ပုံမှန်ဆိုသူမအပေါ်မှာ တလေးတစားနှင့် ဆက်ဆံသော်လည်း ယခုအခါမှကြောက်ဖို့ကောင်းလောက်အောင်ကို ရပ်တန့်နေတာဖြစ်သည်။
လခြမ်းကွေးကဲ့သို့ပင် ရောင်ဝါသည်လည်း သူ့ရှေ့မှာပိတ်ကာ ကာထားသော ဒရယ်ဂွန်သေးသေးလေး၏ ခန္ဓာကိုယ်ကိုတွန်းဖယ်ကြည့်သည်။ ပုံမှန်အချိန်တွေဆို သူ့လက်ပေါ်မှာ သာယာစွာရှိနေတတ်သည့် ကောင်လေးက အခုအခါမှာမူ တည်မြဲစွာရပ်တန့်နေသည်က သွားနောက်လို့မရပဲ ကြောက်စရာကောင်း၍ နေလေသည်။
YOU ARE READING
အချစ်ဦး (Completed)