အပိုင်း (၃၃)

3.2K 168 14
                                    

"ဒီတစ်ခေါက်ရော ထည်ဝါကဘယ်ကိုသွားတာလဲ။ ကိုယ်ဝန်လနုသေးတယ်ဆိုပေမယ့် ကလေးတွေက ငယ်သေးတော့ ငယ်တော့အရမ်းပင်ပန်းမှာပဲ...."

အတွေးများနေသော အမဖြစ်သူကို ဒီတိုင်းပဲထားလိုက်ပြီး ကြယ်စင်လင်းသည် ကြယ်ရောင်လေးကိုချီလျက်ကပင် ကုတင်အထက်မှာ မှီကာထိုင်နေသည့် သမီးငယ်ဆီသို့သွားလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သမီးငယ်သည် အလင်းတို့မိသားစုရဲ့ မျိုးဆက်များကို ကျန်ရစ်စေသူဖြစ်သည်။ ဒီအချက်တစ်ခုနဲ့တင် အလင်း သမီးငယ်အားချစ်ဖို့လုံလောက်ပါသည်။

"ဒီတစ်ခေါက်တော့ နှစ်လလောက်ပဲကြာမယ်လို့ ကိုမှိုင်းကပြောတယ်။ 'ရတနာရွှေထိုက်'ကိုပဲသွားတာဆိုတော့ သိပ်တော့ ကြာမယ်မထင်ပါဘူး အန်တီလေးရယ်...အဲ့ဒီကနေမှ တခြားတွေဆက်ကူးရင်တော့ ငယ်လည်းမပြောတတ်ဖူးပေါ့လေ"

ဒရယ်ဂွန်လာပေးသော စာရွက်များကို ကြည့်နေရင်းမှ သမီးငယ်သည် ငြိမ်သက်စွာပင် ထိုသို့ရေရွတ်ပြောဆိုလာတာဖြစ်သည်။ ဒါကိုကြည့်ပြီး အလင်းမှာကိုယ့်တူကို အားမရဖြစ်ကာ....

"ထည်ဝါဆိုတဲ့ကောင်လေးကလေ အလုပ်တွေအရမ်းရှုပ်တာပဲ။ ဒါထက်ပဲ ဒီအလုပ်တွေက အရေးကြီးလား၊ မိသားစုက အရေးကြီးလားဆိုတာ အခုထိမတွေးတတ်သေးဘူး။" ဟု ကြုံးဝါးမိသည်။

"အဲ့လိုလည်း မဟုတ်ပါဘူး အန်တီလေးရာ။ ညီ့မှာလည်း သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါ။ ပြီးတော့ သမီးငယ်ကို ဒီလိုထားခဲ့တယ်ဆိုတာကလည်း မိသားစုနဲ့ အသိုင်းနဲ့အဝိုင်းနဲ့၊ စိတ်ချရလို့ ထားခဲ့တဲ့သဘောပါ။"
ဒရယ်ဂွန့်နောက်ကနေ လိုက်လာသော ရောင်ဝါသည် အခန်းအတွင်းသို့မဝင်ခင်မှာပင် ကြားလိုက်ရသော အန်တီလေး၏စကားကြောင့် ညီဖြစ်သူဘက်ကနေ ပြောပေးသည်။

ဒါကို သူ့တို့အန်တီလေးသည်...
"Why so serious?"
အမူအရာတွေအထိပါ မြှင့်တက်ပြပြီး ပြန်ပြောသည်မို့ ရောင်ဝါ့တစ်ယောက် ရုတ်တရက်တော့ ဘာပြောရမှန်းမသိဖြစ်သွားရသည်။

"ထည်ဝါ ပြန်လာမှာပါ၊ နေခြည်တို့ထည်ဝါက အရေးကြီးတဲ့အခိုက်အတန့်တွေကို သူကိုယ်တိုင်ပဲဖြတ်သန်းမှာ၊ သေချာတယ်"

အချစ်ဦး (Completed)Where stories live. Discover now