လေနဲ့မိုး အချိုးကျရောစပ်နေသော ရာသီဥတုတွင် ငယ်သည်ပြတင်းပေါက်နှင့် မလှမ်းမကမ်းမှာရပ်နေ၍ ချိတ်ဆွဲထားသောDream Catcherလေးအား ဆွေးတမြေ့မြေ့ ကြည့်နေမိသည်။
အဲ့ဒီနေ့က ကိုမှိုင်းယူလာပေးသော ဒီဝါးလုံးသေးသေးလေး၇ချောင်း ဝန်းရံထားသော ခေါင်းလောင်းသေးသေးလေးကို ဆွဲယူပြီး သူ့အိမ်သို့အပြေးသွားခဲ့သော်လည်း သူ့ကိုနှုတ်ဆက်ဖို့အတွက်တောင် ငယ့်မှာ အခွင့်အရေးမရခဲ့ပေ။
"သမီးငယ်လေး....မိုးပက်မယ်။ ပြတင်းပေါက် ပိတ်ထားလိုက်လေ...."
ငယ့်အခန်းထဲသို့ ဝင်လာသော မေမေ့ထံကိုကြည့်ရင်း ငယ်သည် မျက်စိအစုံတို့ကိုမှိတ်ချလိုက်မိတော့ မျက်ရည်အနည်းငယ်စီးကျလာသည်။
"မငိုပါနဲ့ သမီးရယ်၊ ထည်ဝါတို့လည်း ပြန်လာမှာပေါ့။ ရောင်ဝါအဆင်ပြေရင် သူတို့တွေပြန်လာကြမှာပဲဟာ....."
ငယ့်ကို မေမေကပွေ့ဖက်နှစ်သိမ့်နေပေမယ့်လည်း ငယ်သည် မေမေ့ပခုံးတွေထဲခေါင်းတိုးဝှေ့လို့ ငိုကြွေးမိပါသည်။
ငယ်မျက်ရည်ကျတာကို သူ,မကြိုက်ပေမယ့်လည်း အခုသူ့ကြောင့်ကျတဲ့ မျက်ရည်တွေကို သူကိုယ်တိုင်မမြင်နိုင်အောင်ဖြစ်ခဲ့သည်။ သူက ငယ့်ကို အကြောက်တရားမှ ကင်းဝေစေချင်သည်။
သို့သော် သူနဲ့ခွဲရမှာကို ငယ်ကသေလောက်အောင်ကြောက်တတ်ခဲ့ပြီ ဖြစ်သည်။ သူ,မရှိဘူးဆိုသည့်အသိနှင့် ငယ့်နှလုံးသားက သမုဒ္ဒအောက်ထဲ နစ်မြှုပ်သွားသလိုခံစားရသည်။ ဒီလိုခံစားချက်မျိုးကို နောက်ထပ်တစ်ကြိမ်ခံစားရမှာကိုတွေးပြီး ဒီတစ်ခါပြန်တွေ့ကြပြီး နောက်ထပ်တစ်ကြိမ်ထပ်ခွဲရဦးမည်ဆိုလျှင် ငယ်အသက်မရှင်နိုင်တော့မှာကို တွေးရင်း ပိုလို့ကြောက်မိသည်။
"မိုးရွာရင် အလွမ်းပိုပါတယ်ဆိုတာ သမီးငယ်နဲ့မှပဲ ယုံတော့တယ်။ ကဲ...မိုးအေးအေးနဲ့ လွမ်းလို့ကောင်းပြီး ငိုနေတာတွေ ခဏတိတ်လိုက်ပါဦး။ ဒီမှာကြည့်စမ်း...ဖေဖေ ဘာယူလာလဲလို့"
မေမေ့နည်းတူ ငယ့်အခန်းထဲကို ဝင်လာသည့် ဖေဖေ့ထံကိုကြည့်လိုက်စဥ် ဖေဖေ့လက်ထဲမှာရှိသည့် အကောင်သေးသေးလေးက တော်တော်လေး အူယားဖို့ကောင်းသည်။
YOU ARE READING
အချစ်ဦး (Completed)