အပိုင်း (၃၇)

2.9K 141 6
                                    

သို့နှင့် ထိုနေ့မှာ အောင်မြင်စွာနှင့်မွေးဖွားနိုင်ခဲ့သော သမီးငယ်သုံးဦးတွင် အင်္ဂါခြေလက်ပြည့်စုံခြင်း၊ ကိုယ်အလေးချိန်ပြည့်ဝခြင်းနှင့်အတူ ချစ်စရာကောင်းများစွာတို့ ကိန်းဝပ်နေခဲ့သည်။

"ကလေးတွေနာမည်ဘယ်လိုပေးချင်လဲ ငယ်....."

သမီးတွေဆီမှာ စုပြုံလို့ကြည့်နေကြသည့် မိသားစုဝင်များသည် ငယ့်ထံသို့လှည့်လာပြီး ထိုသို့မေးလေတော့ ငယ်သည်မျက်ရည်တို့ကိုသုတ်လိုက်ပြီး ငယ်ချစ်တဲ့သူတွေကို ငယ်မြတ်နိုးစွာနဲ့ခေါ်ဆိုတဲ့ ထိုနာမကိုပဲ ထုတ်ပြောဖြစ်သည်။

ထိုအခါမှာ မိသားစုဝင်များက ဘာမှထပ်မမေးတော့ပဲ ငြိမ်သက်သွားကြသည်။

"သွေးဖောက်ပါမယ် မိခင်။"

"ဘာအတွက်လဲ မသိဘူး..."
နေခြည်ကပဲ ငယ့်အစားမေးပေးလိုက်တော့ အခန်းထဲကိုဝင်လာပြီဖြစ်သော သူနာပြုဆရာမလေးက အပြုံးမျက်နှာလေးဖြင့်...
"မိခင်ရဲ့ မျိုးရိုးမှာ ဆီးချိုရောဂါရှိတဲ့လူရှိတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက်မိခင်ကို မမွေးခင်ကတည်းက စစ်ချက်ယူကြည့်ခဲ့ပါတယ်။ အခုက မိခင်ရော၊ကလေးတွေပါ စစ်ချက်ယူရမှာပါ။" ဟု ဖြေပေးလာသည်။

ထုံဆေးမပေးခင်အရင်မှာ အပ်သေးသေးလေးဖြင့် လက်ထိပ်ကိုဖောက်ကာ သွေးထုတ်ယူသွားခဲ့သည်ကို ငယ်သတိသွားသည်။ အဲ့ဒီတုန်းက သား,သမီးဇောနှင့်ကြောင့် အမှုမထားမိခဲ့သော်လည်း ယခုအခါ ငယ်တစ်ယောက်တည်းမဟုတ်ပဲ အခုမှမွေးခန်းထဲကနေထွက်လာတာမကြာသေးသော ငယ့်ရဲ့ထည်ဝါလေးတွေအထိပါ...
"မဖြစ် မဖြစ်ဘူးထင်တယ် ဆရာမ။ ငယ့်ကလေးတွေက ရောဂါကင်းပါတယ်။ ဟုတ်တယ်မလား"

"ဟုတ်ပါတယ်ရှင်....ဒီကလေးသုံးယောက်လုံးက ကျန်းမာရေးကောင်းပါတယ်။ ဓာတ်ကင်တာတွေဘာတွေပါ မလိုရလောက်အောင် ကောင်းမွန်ပါတယ်။ ဒါမယ့်လည်း တစ်ခုခုဆို ကျွန်မတို့တွေစစ်ဆေးထားတာ ပိုကောင်းတာပေါ့ရှင်။"

အရင်ကလေးတွေတုန်းက ရိုးရိုးမွေးခဲ့၍လားတော့ မသိပေမယ့် ထိုသို့ကိစ္စမျိုးတွေကို ငယ်မလုပ်ခဲ့ရပေ။ ဒါကြောင့် ဒီကိစ္စအတွက် ငယ်ကြောက်သလိုခံစားရသည်။

အချစ်ဦး (Completed)Where stories live. Discover now