အပိုင်း (၃၀)

3.6K 142 13
                                    

"ကောင်း...ကောင်း သီချင်းသံရပ်သွားပြီ"

မနက်စာအတွက် ပြင်ဆင်ပေးထားသော ပေါင်မုန့်မီးကင်ကို တရားမှတ်သလိုရှုနေရင်းကနေ အလောတကြီးနဲ့ ထ,ပြောလာသော အကွေး၏စကားကြောင့် ကောင်းမြတ်သောသည် ခေါင်းကိုအသာအယာငြိမ့်ပြလိုက်ရင်း ချစ်ရသူအကွေးထံသို့ ပြုံးပြလိုက်သည်။

ပြီးမှပဲ စကားကိုအသာအယာဆိုကာ အကွေးအနားကနေ သူထွက်လာဖို့လုပ်သည်....
"ဒါဆိုအကွေးစိတ်အေးပြီပေါ့။ ဒီလိုဆိုရင် ကျွန်တော်လည်း စာကြည့်ခန်းဘက်သွားတော့မယ်နော်...."

"အင်း....ငါလည်း သွားအိပ်လိုက်ဦးမယ်"

မနေ့ကတစ်နေ့လုံးနဲ့ တစ်ညလုံးမှာ ကြားနေရသော ပီယာနိုသံနှင့်သီချင်းသံသည် အကွေးဖို့ရာစိတ်ပူရသည်မို့ ထည်ဝါနှင့်အတူ သူမတို့လည်း အိပ်ဖို့ရန်အတွက်ကိုအာရုံမရကြပဲ အခုမနက်မှ မနက်စာစားဖို့ ထည်ဝါနှင့်အနီးဆုံးဖြစ်သည့် အပေါ်ဆုံးထပ်က kitchen roomဆီကို ကောင်းကခေါ်လာပေးတာဖြစ်သည်။

မနေ့ကမြင်ခဲ့ရသော မြင်ကွင်းသည် အကွေးဖို့ရာတွေးစရာများခဲ့သည်မှန်သော်လည်း ထိုထက်ပိုပြီး အကွေးသိချင်နေတာတစ်ခုရှိသည်ကို သူမအနားကနေ ထွက်သွားပြီဖြစ်သော ကောင်းထံလှမ်းမေးမိသည်။

"ကောင်း...."

"ပြောလေ အကွေး..."

"ထည်ဝါက artistလားဟင်..."
အပြောနှင့်ထပ်တူပင် သူမ၏လက်ချောင်းလေးတွေကို ရွေ့လျားလှုပ်ခတ်ကာ ပီယာနိုတီးသကဲ့သို့ပုံစံကိုလုပ်ပြမိသည်။

ထိုအခါမှာ ကောင်းသည် အသက်အရွယ်နှင့်မလိုက်အောင် ချစ်ဖို့ကောင်းသည့်အထိရယ်မောသွားပြီး သူမထံကိုပြန်လျှောက်လာကာ ထိုင်ခုံမှာထိုင်သောသူမအား ခါးကိုင်းကာပွေ့ဖက်ပေးသည်က ကြင်နာနွေးထွေးမှုတွေ အပြည့်နှင့်ဖြစ်ပြီး....
"အကွေးရာ......"ဆိုသော မချင့်မရဲအသံကလည်း သူမအဖို့တော့ အမြဲအဆင်ပြေစေခဲ့သလို အမြဲချစ်ခင်ခဲ့ရတာဖြစ်မည်။

"ဒယ်ဒီ...."

"အင်း....ဘာဖြစ်လို့လဲ နေခြည်။"

"မေးလို့မရဘူး ဒယ်ဒီ။ ပြီးတော့ နေခြည်အရမ်းအိပ်ချင်နေပြီ....."

အချစ်ဦး (Completed)Where stories live. Discover now