"ဟေး....."
ရုတ်တရပ်ဆိုသလို ကျောပြင်ဆီကိုရောက်လာသည့်အထိအတွေ့တစ်ခုနဲ့အတူ ခေါ်သံကြောင့် ငယ့်လှည့်ကြည့်လိုက်တော့ အကိုလေးဖြစ်နေသည်။
"မင်းအတွက် မွေးနေ့လက်ဆောင်..."
ဘောင်းဘီအိတ်ကပ်ထဲမှ ထုတ်ယူလိုက်သော အနီရောင်ကတ္ထီပါဗူးလေးကြောင့် နားမလည်နိုင်စွာနဲ့ပဲ ငယ့်မှာ အကိုလေးကို ပြန်ကြည့်ရသေးသည်။
"ယူလိုက်...ပြီးရင် ထည်ဝါပေးလို့ကိုပြောလိုက်လေ၊ လက်ထပ်လက်စွပ်ပေါ့ကွာ..."
Stageဘက်သို့ မျက်စပစ်ပြရင်း ပြောလာသော အကိုလေးက ငယ့်အစီအစဥ်တွေအားလုံးကို သိနှင့်ပြီးသားဖြစ်လိမ့်မည်ဟု တွေးမိပြီး ထိုသို့သိသွားရခြင်း၏အကြောင်းတရားဖြစ်သော ဒရယ်ဂွန်ရှိရာသို့လှည့်ကြည့်လိုက်တော့ ဒရယ်ဂွန်သည် ဖုန်းကိုငုံ့ကြည့်ရင်းနှင့်သာရှိနေသေးသည်။
သို့နှင့် ငယ်သည် ဒရယ်ဂွန့်ဆီကနေ အကြည့်လွှဲလိုက်ပြီး အရပ်ရှည်လှသောလူသန်ကြီးအကိုလေးအနားကိုတိုးကပ်လိုက်ပြီး...
"Do u agree?" ဟု စိတ်လှုပ်ရှားစွာနှင့်မေးလိုက်သည်။"ဟားဟားဟားးးး"
ငယ့်အမေးမှာ အကိုလေးက ပခုံးတွေတသိမ့်သိမ့်လှုပ်သည်အထိ ရယ်မောသွားတာကို ငယ်မြင်နေရသည်။ ထို့ကြောင့် ထိုအမေးမှာ အကိုလေးတော့ တော်တော်လေးကို သဘောကျသွားတာဖြစ်မည်။
"မမလေး.....ဟိုဘက်မှာ partnerတွေစောင့်နေတယ်။"
နှစ်ဦးသည် စိုးစဥ်းမျှတောင်မဝေးတော့သော အနေအထားမှာ တစ်ဦးကိုတစ်ကိုငေးမောကာကြည့်ရင်း ရယ်မောနေကြသော အကိုလေးနဲ့ မမလေးကို ဒရယ်ဂွန်ကပဲလူချင်းခွဲထုတ်သွားလိုက်ပြီး မမလေးကို တခြားလူတွေနဲ့ပဲ ရယ်မောနေစေလိုက်သည်။
သူ့အကိုလေးကိုတော့ဖြင့် လက်ညှိုးတစ်ချက်ထိုး၍ ထားခဲ့လိုက်ပြီး နေရာမှာပဲအေးခဲသွားသလို ရပ်တန့်နေစေလိုက်သည်။
"ငယ်တို့ ရှေ့လျှောက်အတူတူရှိသွားကြရအောင်ပါ။ ဒီလို မိတ်ဖက်ကောင်းတွေကို Ngeလုပ်ငန်းစုက အမြဲအမှတ်ရနေမှာပါ။"
YOU ARE READING
အချစ်ဦး (Completed)