"ဟိတ် ဟိတ်...အဲ့ဒီဘက်မဟုတ်ဘူး၊ ဟိုဘက်မှာ...."
အိပ်ချင်မူးတူးနဲ့ ရောင်ဝါသည် ထမင်းစားခန်းအပြင်ဘက်က ဘေစင်မှာ မျက်နှာသစ်ဖို့ရန်ကြံရွယ်နေသည်ကို နေခြည်ကပဲဂုတ်ကနေဆွဲပြီးတားထားရသည်။
အခန်းတွင်ရှိသော ရေချိုခန်းကို ဒရယ်ဂွန်သုံးနေလို့ဖြစ်မည်။ ရောင်ဝါသည် သွားတိုက်တံနှင့်မျက်နှာသုတ်ပဝါကို ကိုင်ကာ စမ်းတဝါးဝါးနှင့် သမီးငယ်၏ခွေးကိုရေချိုးပေးပါသော ထိုဘေစင်ရှိရာကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတာဖြစ်သည်။
အခုလို နေခြည်သတိပေးမှပဲ ရောင်ဝါကအိပ်ယာကနေလန့်နိုးလာသူပမာ ဆတ်ခနဲ...
"အာ....ခွေး ခွေးကိုရေချိုးတဲ့ဘေစင်" ဟု ပြောလာသည်။"အင်း...သွား ဟိုဘက်ကဘေစင်ကို"
"Ok!!!"
မနက်၅နာရီဆို နေခြည်က အိပ်ရာကနေထ,ပြီး မနက်စာအတွက်ပြင်ဆင်သည်။ နေခြည်နှင့်အတူ သမီးငယ်ကလည်း ခွေးအော်သံကြောင့် မနက်၅နာရီဆိုအိပ်ရာကနေထ,ကာ လမ်းထဲကို ခွေးကြောင်းသွားတတ်သည်က မနက်စာစားခါနီးမှပြန်လာတတ်သည်။
ထိုသို့ ခွေးကြောင်းသွားရာကနေပြန်လာလျှင် သုံးရက်ခြားတစ်ခါလောက်တော့ မနက်အစောမှာတင် ခွေးသေးသေးလေးကို လက်ဆေးတဲ့ဘေစင်ထဲထည့်ကာ ရေချိုးပေးတတ်သည်မို့ အိမ်ရှိလူများသည် ထိုဘေစင်ကို လက်ဆေးရန်အတွက်ပင် အသုံးမပြုကြပေ။
"မျက်နှာသုတ်ပြီးရင် ဝင်လာခဲ့တော့...."
မနက်၅နာရီခွဲရောက်လျှင် ရောင်ဝါက အိပ်ရာကနေထ,လာပြီး နေခြည်ပြင်ပေးထားသော အစားအသောက်များကို စားပွဲတွင်နေရာချထားပေးသည်။ ထိုနောက်မှ ဒရယ်ဂွန်နှင့် အသက်က ထမင်းစားခန်းထဲဝင်လာတာဖြစ်သည်။
"Morning အကိုလေး..."
"အင်း Morning!! ဒီနေ့ပြန်လာတာ စောလှချည်လား။"
ထမင်းစားခန်းအပြင်ဘက် စကားသံများကြောင့် သမီးငယ်အိမ်ထဲပြန်ဝင်လာသည်ကို သိလိုက်ရသည်။ ဒီလိုအစောပြန်လာပုံထောက်ရင် ဒီနေ့က ခွေးကိုရေချိုးပေးမယ့်နေ့ပဲ ဖြစ်လိမ့်မည်။
YOU ARE READING
အချစ်ဦး (Completed)