Extra (3)

6.1K 140 9
                                    

ကိုယ်ရေးအကျဥ်းချုပ်ကို ဆက်လို့ ဖတ်ကြည့်တော့ ငယ့်မှာတအံ့တသြတွေဖြစ်လာရသည်။

"oh my god....Queen?
Queen of ....what the"

ကြည့်နေရင်းကပဲ ငယ့်ပါးစပ်ကနေ ထွက်လာတော့မည့် နောက်ထပ်အသံထွက်ကို သူက မကြားချင်တာကြောင့်ဖြစ်လိမ့်မည်။ ငယ့် ပါးစပ်ကို လက်ဖြင့်လာကာပေး တော့သည်။  ထို့ကြောင့် အသံထွက်ဖို့ မတတ်နိုင်တော့သည့် အခါမှာ ငယ်သည် သူ့မျက်နှာကိုပဲတအံ့တသြနဲ့ ကြည့်လိုက်တော့သည်။ 

သေချာသည် ဒီတစ်ခါတော့ ဒရယ်ဂွန့် အတွက်ဆိုပြီး သူဘာမှလုပ်ပေးနိုင်မှာ မဟုတ်တော့ပေ။ 

"ပြကြည့် ပြကြည့် ဘယ်နိုင်ငံကလဲ ဆိုတာ သေချာ‌ကြည့်ရအောင်။" ငယ့်ပါးစပ်ကို အုပ်ထားသည့် သူ့လက်ကိုဖယ် ခွာလိုက်ပြီး သူ့လက်ထဲက ဖုန်းကို လုယူကာနောက်ထပ်တစ်ကြိမ် အတည်ပြုဖို့ကြည့်လိုက်သည်။ Vay Castle ...ဒီနာမည်နဲ့နိုင်ငံကို ငယ်တစ်ခါမှမကြားဖူးပေ။

"ဘာလဲဟ အတည်ပေါက်ကြီးနဲ့ နောက်နေတာလား။"

သူ့လက်ထဲကို ဖုန်းပြန်ပေးပြီးထိုသို့ ပြောလိုက်တော့ သူက လေးတွဲ့စွာနဲ့ခေါင်းယမ်းပြသည်။ 

"ဒါဆို တကယ်ကြီးလို့တော့ မပြောနဲ့နော်။ အကိုလေးက ဘုရင့်မိဖုရားနဲ့  တကယ်ကြီး..."

"အကိုလေးနဲ့တော့ မသိပေမယ့်၊ မေမြတ်ထူးဆိုတဲ့ နာမည်နဲ့လူကတော့ ဘုရင့်မိန်းမပဲ ။ သေချာတယ်...။ ကိုမှိုင်း ‌ပို့ထားတာ။မမှားနိုင်ဘူး။"

"ဒါဆို ထပ်ရှာကြည့်ရအောင်။"

ငယ်တကယ်ပဲ မယုံကြည်နိုင်သေးတာကြောင့် သူ့လက်ထဲက ဖုန်းကို နောက်ထပ်တစ်ကြိမ်ပြန်ယူလိုက်ပြီး လူမှုစာမျက်နှာအထက်မှာ ရှာဖွေကြည့်လိုက်သည်။ တိုင်းပြည်ရဲ့နာမည်ကို ရိုက်ရှာလိုက်သည်နှင့်ပဲ ပုံပြင်ဆန်ဆန် အခင်းအကျင်းလေးတစ်ခုက ပေါ် ထွက်လို့လာတော့ သည်။

လွန်ခဲ့သည့် ၁၀ရာစုအစပိုင်းလောက်က ‌တည်ထောင်ခဲ့သော Vay Castleသည် ယခုအချိန်ထိတိုင် ဘုရင်စနစ်ဖြင့် အုပ်ချုပ်နေသောတိုင်းပြည်ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်းမှာဖြစ်ပွားခဲ့သော ကမ္ဘာစစ်များ၊ ကပ်‌ရောဂါဘေးများ၊ ကူးသန်းရောင်း၀ယ်ဆိုင်ရာ နယ်ပယ်ချဲ့ထွင်မှုများ၏ဒဏ်ကို ယင်းတိုင်းပြည်သည် အုပ်စိုးသူဘုရင်များ၏ ဦီးဆောင်မှုအောက်တွင် ကြံ့ကြံ့ခံ ရပ်တည်ခဲ့သည်။

အချစ်ဦး (Completed)Where stories live. Discover now