"ထည်ဝါ......."
အခန်းအတွင်းတွင်ရှိသော ခုံနှင့်မီးဆိုင်းများကို တစ်စစီရိုက်ချိုးနေသော ထည်ဝါ့ပုံစံကြောင့် ငယ်ကုတင်အထက်ကနေ ဆင်းလိုက်ပြီး ထိုနေရာတွင်သာ ရပ်၍ ကြည့်နေမိသည်။
Spaတွင် အနှိမ်ခံနေဆဲမို့ ငယ့်မှာ တပက်အရှည်တစ်ထည်ကိုသာ လုံခြုံအောင်စုစည်းကိုင်ထားရင်း ထည်ဝါ့ကိုပဲ ကြောက်ကြောက်လန့်လန့်နဲ့ကြည့်နေရသည်။
"တော်ပြီ..တော်ပြီ၊ အခုလောက်ဆိုရင်ကို ပြန်ပေးရမှာတွေမနည်းတော့ဘူး...."
ဇိမ်ခံသည့် အနှိပ်ခုံတွေအထိပါ ခြေဖြင့်ကန်ချရင်း ကျိုးကျသွားစေသည်မို့ နေခြည်က ထည်ဝါ့ကို ဝင်တားလိုက်သည်။ အခန်းအတွင်းတွင် နေခြည်တို့ရောက်မလာခင်က ခမ်းနားစွာနှင့် ရှိနေသော ဇိမ်ခံပစ္စည်းများသည် ယခုအခါတွင် ကြေမွသွားပြီဖြစ်သည်။
"သူ့ကို ကိုင်ထား....."
အညှိုးတကြီးနဲ့ သူ့မျက်ဝန်းတွေက ငယ့်အနားမှာ ရပ်နေသည့် အနှိပ်ဆရာမထံသို့ လက်ညှိုးထိုးရင်း အမိန့်ပေးစေခိုင်းလိုက်တာဖြစ်သည်။ထိုသို့အမိန့်ပေးပြီး ချက်ချင်းမှာပဲ ငယ့်အနားကိုရောက်လာသည့် ဒရယ်ဂွန်နှင့်ကိုမှိုင်းက အနှိပ်ဆရာမ၏ ပခုံးတစ်ဖက်ဆီကို တင်းတင်းကိုင်လာတော့သည်။
"မဟုတ်ပါဘူး...ကျွန်မ မဟုတ်ပါဘူး။
ကျွန်မ ဘာမှမလုပ်ရပါဘူးရှင်......."အနှိပ်ဆရာမဆီကနေ ငိုသံတွေထွက်လာသည်ကို
ငယ့်မှာနားမလည်နိုင်ဖြစ်နေဆဲမှာပဲ...
ဖြန်းခနဲ ရိုက်ချသံတစ်ခုက ငယ့်မျက်လုံးတွေကို ပြာဝေသွားစေသည်။ငယ်သည်ပင် အသံကြားရုံမျှနှင့် ထိုမျှခံစားလိုက်ရသည်ဆိုလျှင် အရိုက်ခံလိုက်ရသော ထိုအမျိုးသမီး...အို ထိုဆရာမ၏နှုတ်ခမ်းအစွန်းတစ်ဖက်ကနေ သွေးတွေစီးကျနေတာ မြင်လို့ပင်မကောင်းပေ။
"နောက်တစ်ခါ ဒီလိုနေရာတွေကိုသွားရင် နင့်ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်"
ကြောင်ငေးနေသည့် ငယ့်နံဘေးကို သူဘယ်အချိန်ကရောက်လာမှန်းမသိလိုက်ပေမယ့်လည်း သူ့လက်ဖဝါးတစ်ဖက်ဖြင့်ဆုပ်ကိုင်ထားသည်ကြောင့် ငယ့်လက်မောင်းက နာကျင်လို့နေပြီဖြစ်သည်။
YOU ARE READING
အချစ်ဦး (Completed)