အပိုင်း (၄၃)

2.8K 115 5
                                    

"တော်တော်လေး ပျော်နေတယ်ပေါ့ ငယ်။"

ထည်ဝါ့ဆီမှာဖမ်းမမိအောင် ပြေးနေရင်းနှင့် နေဝင်ချိန်ကြည့်ဖို့ထိုင်နေကြသော သူငယ်ချင်းမတွေရဲ့အလယ်မှာ အတင်းဝင်ထိုင်ဖြစ်သည်။ ထိုင်ချပြီးသည်နှင့် နောက်ကိုလှည့်ကြည့်ကာ သူ့ထံသို့ လျှာထုတ်ပြောင်ပြနေစဥ်မှာ ငယ့်ဘေးရှိ ဒေလီယာ့စကားကြောင့် သူငယ်ချင်းမတွေရှိသို့ပြန်ကြည့်ပြီး....

"ဖြေရမှာလား..." ဟု အတည်ပြုမိသည်။

အတင်းလုပ်ယူထားတဲ့ အပြုံးတွေနှင့် ဒီသူငယ်ချင်းမတွေသာ ငယ့်ဆီကနေအဖြေကိုကြားရရင် ချက်ချင်းအစွယ်တွေထွက်လာကြမှာမြင်ယောင်နေသည်မို့ ကြိုတင်ကာမေးထားခြင်းလည်းဖြစ်သည်။

ငယ်က ဒီလိုဆိုမှပဲ...
"မဖြေနဲ့တော့....။ ဖြေရင် သူပိုပြီး ပျော်သွားလိမ့်မယ်။  ထားလိုက်တော့...."
ဟု တွယ်တာကလက်ဟန်ပြု ငြင်းဆန်ခြင်းနှင့်အတူ နှုတ်ခမ်းလှလှလေးကိုပါ မဲ့ပြသေးသည်။

"ဟီး....သူက ငါ့ကို အချစ်ဆုံးတဲ့။ ခစ်ခစ် ငါကလေ သူ့အချစ်ဦးတဲ့.....အော ငါ့ရင်ဘက်၊ ငါ့နှလုံးသား...ငါ့နှလုံးသားလေးက ခုန်ပေါက်နေတော့တာ။"

"ခုန်ပေါက်နေမှပေါ့...ရပ်နေရင် နင်သေသွားမှာလေ။"

ရင်ဘက်ပေါ်ကိုလက်တင်ပြီး အပျော်မျက်နှာတစ်ခုလုံးအမြင်ကတ်ဖို့ကောင်းလောက်တဲ့အထိ အူးမြူးနေသည့် အသံနှင့် ငယ့်ကို စိတ်ထဲရှိတဲ့အတိုင်းထုတ်ပြောလိုက်တော့ သမီးငယ်ကမျက်စောင်းပြန်ထိုးလာတော့သည်။

"ကဲ ကဲ...ကိုက်မနေနဲ့တော့၊ ဟိုးမှာနေလုံးကြီး ပင်လယ်ထဲကျသွားတော့မယ်။"

တွယ်တာဦး၏ကျောပြင်ကို အဆက်မပြတ်ရိုက်ခြင်းနှင့်အတူ နေလုံးဆီသို့ လက်ညှိုးထိုးပြသည့်မိုးမြင့်၏အပြောမှာ အားလုံးရဲ့အကြည့်တွေက ဦးတည်ရာတစ်ခုတည်းသို့ရောက်သွားကြတော့သည်။

နေဝင်ချိန်ကို ပြီးဆုံးအောင်ကြည့်ပြီးမှပဲ ဘုရားပေါ်ကနေဆင်းခဲ့ကြတာဖြစ်သည်။

"သမီးငယ်...."

"အင်း...."

သူ့လက်မောင်းတစ်ဖက်ကို လက်နှစ်ဖက်လုံးဖြင့် ချိတ်တွယ်ကာထားသော သမီးငယ်က ဘာကိုမှဂရုထားပုံမပေါ်ပဲ သူ့မျက်နှာကိုပဲ မော့ကြည့်ကာ လှေကားထစ်တွေကို ဖြတ်သန်းနေသည်။

အချစ်ဦး (Completed)Where stories live. Discover now