"သခင်လေး..."
'စိန်စီရီခြယ်'မှာပဲ သူ့ဆိုက်ကယ်ကို ထိုးရပ်လိုက်တော့ ကိုမှိုင်းက ချက်ချင်းပဲရောက်လာခဲ့ပြီး ထိုကိုမှိုင်းနောက်မှ ဒရယ်ဂွန့်ကိုမြင်လိုက်ရသည်။
"သခင်လေး..ငါ"
"ထားလိုက်တော့...အခုချက်ချင်း ဦးထွန်းမြင့်ရဲ့သားကိုရှာ။ တွေ့ရင်တွေ့တဲ့ နေရာတင်သတ်ပစ်"
သူ့မျက်လုံးအစုံသည် ဒေါသကြောင့် နီရဲလို့နေပြီး သူ့မေးရိုးများသည်လည်း တည်တင်းလို့နေသည်။
သူ့စကားအဆုံးမှာ သူ့အနားကနေထွက်သွားကြသော လူအယောက်၃၀မကတို့သည် နေ့တစ်ဝက်ကျိုးအောင် ရှာပြီးသည်အထိ မတွေ့သည့်အချိန်တွင် သူ့ဆုံးဖြတ်ချက်ကတစ်မျိုးပြောင်းသွားသည်။
"ပိုက်ဆံပြင်ထား....ရွှေချိန်တစ်အိတ်လုပ်ထား ဒရယ်ဂွန်။"ဒီလောက်ဆို သူနားလည်လိုက်သည်။ သူတို့အနေနဲ့ သမီးငယ်ကိုရှာဖို့ရန်အတွက် ဟိုဖက်ကဆက်သွယ်လာသည်ကိုစောင့်ရုံသာ တတ်နိုင်တော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူကိုခေါ်သွားပြီဆိုကတည်းက ငွေမဟုတ်လျှင်၊ရွှေလိုချင်၍ပဲဖြစ်မည်။
"အိတ်အကြီးနဲ့ ထဲ့..."
လက်ရှိ သူရဲ့လုပ်ကွက်ကနေ ထွက်သမျှရွှေအကုန်လုံးကို ရသည်အထိ အတောမသတ်နိုင်ပဲ သမီးငယ်အထိပါ ပြန်ပေးဆွဲထားသည့်သူဟာ လက်ကိုင်အိတ်လောက်နဲ့ မရနိုင်သည်ကို သူနားလည်သည်။
နားမလည်သည်က ဒရယ်ဂွန်ပင်။ သူ့အပြောကို နားမလည်သလိုနဲ့ သူ့ထံပြန်ကြည့်သည်မို့...
"ဒီကောင် ဒီလုပ်ကွက်ကို လက်ဝါးကြီးအုပ်ထားတာတောင် မတင်းတိမ်တာ...အိတ်လောက်ပမာဏနဲ့ ပြီးသွားမယ်ထင်နေလား။" ဟု ခပ်ပြတ်ပြတ်မေးလိုက်သည်။"မင်းသိနေတယ်..."
"မသိပဲနေမလား ဟ။ ဒီကောင်တွေကို တမင်အကျောပေးထားတာကို မင်းတို့ပဲပိန်းလို့နားမလည်တာ။ ကျွန်တော်က ဒီလောက်အင်းအတွက်နဲ့မိသားစုကို ထားပစ်ခဲ့မယ့်သူလား...ရူးနေလို့လား"
ဒရယ်ဂွန်သည် သူ့စကားတွေကို နားထောင်ရင်း သူ့ထံမယုံကြည်နိုင်သလို ထပ်ပြီးကြည့်လာပြန်သည်။
YOU ARE READING
အချစ်ဦး (Completed)