အပိုင်း (၃၆)

2.8K 129 5
                                    

ဒရယ်ဂွန့်ထံသို့ သူမ,ကြည့်မိသည်။ ထိုအခါမှာ ဒရယ်ဂွန်ဟာလည်း သူမထံသို့ ကြည့်နေသည်ကိုမြင်လိုက်ရသည်။ သို့သော်လည်း သူမတို့နှစ်ယောက်လုံး ဘာမှမတတ်နိုင်ပေ။

သူမတို့နှစ်ယောက်သည် လူများစွာ၏အလယ်တွင် မည်သို့မျှမတတ်နိုင်ပဲ ထိုလူများစေခိုင်းသည်အတိုင်း လျှောက်လှမ်းနေရတာဖြစ်သည်။

"နေခြည်....."

ဝါးရုံပင်တွေတောင် လှုပ်ခတ်စေသည်အထိ ဗို့အားပြင်းသော သူ့အသံပြီးနောက်တွင် ဆက်တိုက်ထွက်ပေါ်လာသော သေနတ်ပစ်သံများဟာ တချို့မှာဝါးပင်တွေကို ထိခတ်သွားပြီး တချို့ကတော့ ဝါးပင်တွေကြားမှာ ဖြတ်သန်းကာသွားတော့သည်။

သူသည် ကွင်းအလယ်မှာရပ်ပြီး အရပ်မျက်နှာအတိအကျသတ်မှတ်ထားခြင်းမရှိပဲ ပစ်ခတ်နေသည်က နာရီဝက်ခန့် ကြာသွားသည့်အချိန်တွင် ဝါးပင်တချို့ကလဲကျကာသွားပြီး နောက်ကွယ်မြင်ကွင်းများကို ပိုလို့မြင်ကွင်းကျယ်ဝန်းစေသည်။

အရှေ့မြောက်ဘက်တော်တော်လှမ်းသောနေရာတွင် မြင်လိုက်ရသော ပုံရိပ်ကြောင့် သူသည် ထိုအရပ်သို့ ချိန်ဆပြီး အတည်တကျဆက်တိုက်ပစ်ခတ်နေလိုက်သည့်တစ်ခဏတွင် ထိုနေရာတွင် ရုန်းရင်းဆန်ခတ်များဖြစ်သွားပုံရသည်။ ပုံရိပ်များက ပိုလို့မြန်မြန်နဲ့လှုပ်ရှားလာလေသည်။

"ဒရယ်ဂွန်...."

စောလျင်စွာနှင့် ထွက်သွားသော သူ့အသံနောက်မှာ သူ့ခြေထောက်များဟာ နေရာကနေ အမြန်ထွက်ခွာတော့သည်။ သူသည် လဲကျလျက်ရှိနေသော ဝါးရုံပင်များကြားမှာ သွားနေရင်းကနေ ရှေ့သို့ရှိန်တင်ထားသော သေနတ်ကိုလည်း တစ်ချက်မှမနားပဲ ပစ်ခတ်သည်။

ထိုစဥ်မှာ ကသောကမြောနှင့် သူ့ဆီသို့ဦးတည်ကာ ပြေးလာနေသော အဖြူရောင်လွင့်လွင့်အရိပ်လေးကြောင့် သူ့မှာချက်ချင်းပဲ ပစ်မှတ်တို့ကို လမ်းကြောင်းသွေဖီလိုက်ရသည်။

"ထည်ဝါ...."

အပြေးလာရသော နေခြည်က သူ့ရင်ခွင်အတွင်းပြေးဝင်ပြီး မောဟိုက်နေသောအသံဖြင့်ခေါ်လာသည်ကို...
"နေခြည် သွားနှင့်..."ဆိုကာ သူသည် ကိုယ်ကိုလှည့်လိုက်ပြီး ကျောခိုင်းထားရာဘက်သို့ နေခြည်ကို ခြေလှည့်စေလိုက်သည်။

အချစ်ဦး (Completed)Where stories live. Discover now