"Morning ထည်ဝါ....."
ငယ် အခန်းထဲကနေထွက်လာသည့်အချိန်မှာပဲ စွေ့ခနဲငယ့်ပခုံးအထက်မှာ နေရာယူလာသည့် ထည်ဝါသေးသေးလေးက အခုလိုငယ်တစ်ယောက်တည်းရှိနေသည့် အချိန်တွေတိုင်းမှာ အနားကနေမခွာစတမ်း ရှိနေပေးသူဖြစ်သည်။
"မနက်စာ ဘာစားကြမလဲ၊ ခေါက်ဆွဲ၊ ကော်ဖီ..ပေါင်မုန့်.....
Ok !! ဒီနေ့မနက်တော့ ပေါင်မုန့်မီးကင်ပဲစားရအောင်...."
ငယ်ကိုယ်တိုင်မေးပြီး ငယ်ပဲပြန်ဖြေသည့်ဤအစီအစဥ်တစ်လျှောက်လုံး ပခုံးအထက်ရှိအကောင်ပေါက်လေးက ငယ့်ဆီကိုပဲစိတ်ဝင်တစားနဲ့ ကြည့်နေပေးသည်။ ငယ့်ဆီမှာပဲ ရှိနေသည့် ဒီအကောင်ပေါက်လေးရဲ့ အာရုံတွေဟာ သူနဲ့တော့ကွာခြားလွန်းသည်ဟု တွေးမိသည်။
"မမလေး...."
ပေါင်မုန့်မီးကင်စက်နားမှာ ရပ်နေစဥ်မှာပဲ အပြင်မှခေါ်သံကြောင့်...
"ငယ် ထမင်းစားခန်းမှာ" လို့ အော်ပြောလိုက်ရသည်။ထိုအခါမှပဲ သာမန်ထက်နည်းနည်းပိုပြီးပြင်းထန်နေသော ခြေသံများဖြင့် ကိုမှိုင်းကငယ့်အနားကို အလျင်စလိုရောက်ရှိလာသည်။
"သခင်လေးဘက်က အချက်အလက်တွေပို့လိုက်ပါတယ် မမလေး...."
ငယ့်ရှေ့မှာပဲ tabletထဲတွင် သူပို့ထားပေးသည်ဆိုသော အချက်အလက်တို့ကို ဖွင့်ပြသည်။
သဘာဝဓာတ်ငွေ့တူးဖော်ရေးနဲ့ ပက်သတ်ပြီး မြေဝယ်ယူရေးဆိုင်ရာအချက်အလက်တွေကို ရှေ့နေနှင့်တကွ အပြီးအသတ်ပိုင်ဆိုင်ကြောင်းစာရွက်တွေက ငယ်လက်ရှိလုပ်နေသည့် လုပ်ကွက်နှင့် တစ်မိုင်ခန့်ကွာဝေးသောနေရာတွင်ဖြစ်နေသည်။
"နောက်ထပ် လုပ်ကွက်အနေနဲ့ ဒီချောင်းနဲ့နီးတဲ့နေရာကိုပါ ဝယ်ထားလိုက်ပုံရတယ်မမလေး။ ဒီမယ်လေ..ဒါချောင်းပဲ"
Tabletကို Zoomဆွဲပြသော ကိုမှိုင်းကြောင့် ငယ့်သည် ကင်ပြီးသားဖြစ်သော ပေါင်မုန့်ကိုစက်မှဆွဲနှုတ်ပြီး ပါးစပ်ထဲထည့်လိုက်သည်။
"ချောင်းနဲ့ သိပ်မဝေးလှတော့ ဓာတ်ငွေ့ထုတ်ရတာ အဆင်ပြေလောက်လား မမလေး..."
YOU ARE READING
အချစ်ဦး (Completed)