"သမီးငယ်......."
အပေါ်ဆုံးအထပ်ကနေ ဆင်းလာသည့် တောက်လျှောက်မှာ ဒီနာမည်ကိုသာ အော်ခေါ်ရင်း ဆင်းလာသော ထည်ဝါသည် ဆံပင်အတိုအရှည်မညီမညာနဲ့ စုတ်ဖွားလေးလိုဖြစ်၍နေသည်။
ထည်ဝါ့အော်သံကြောင့်ပဲ အောက်ထပ်ရှိ Kitchen roomတွင် စုဝေးနေကြသော အိမ်သားများသည် လှေကားထစ်ဆီကို အပြေးအလွှားရောက်လာကြသည်။
"ဘာဖြစ်တာလဲ ထည်ဝါ..."
"ခစ် ခစ်...ညီ၊ မင်းဆံပင်တွေ...."
ရောင်ဝါက မခိုးမခန့်နဲ့ ရယ်ပြီး ထိုသို့သတိပေးတော့ ထည်ဝါပိုလို့ ဒေါသထွက်ရသည်။ ဒီဆံပင်အရှည်တွေကို သမီးငယ်နဲ့ထပ်တူ သူတန်ဖိုးထားခဲ့တာဖြစ်သည်။
သမီးငယ်က လွတ်လွတ်လပ်လပ်နေရတာကို သဘောကျသည်။ သို့သော်လည်း ဆံပင်အရှည်နဲ့မိန်းကလေးတွေက လှတယ်ဆိုသော သူ့အပြောမှာ သမီးငယ်သည် ဆံပင်အရှည်ထားခဲ့သည်။
ဆံပင်အရှည်ထားခြင်းရဲ့ အကျိုးဆက်တွေကို သမီးငယ်တစ်ယောက် မနည်းစိတ်ရှည်သည်းခံခဲ့ရသလို သူကိုယ်တိုင်လည်းဒီအကျိုးဆက်တွေကို ထပ်တူခံစားခဲ့ရသည့် အချိန်တွေက မနည်းလှပါ။ ဂုတ်ထိရှည်သောဆံပင်များနှင့် အင်းထဲမှာ မည်မျှအထိပူလောင်ခဲ့ကြောင်းကို သူကိုယ်တိုင်သာ အသိဆုံးဖြစ်ပြီး၊ မှော်ထဲသို့ရောက်လျှင် ၁၀ရက်၊၁၅ရက်လောက် ရေနှင့်ခန္ဓာကိုယ် ထိတွေ့မှုတို့မရှိသည်မို့ ဒီဆံပင်တွေအပေါ်မှာ သူမည်မျှအထိ စိတ်ရှည်သည်းခံခဲ့ကြောင်းကို ဒီဟာလေးလုံးဝစိတ်မဝင်စားခဲ့တာ
သိသာသည်။ဒီဟာလေးသာ နည်းနည်းလောက်လေး သိတတ်ခဲ့မယ်ဆိုရင် သူ့ဆံပင်တွေရှည်နေရခြင်း၏အကြောင်းတရားကို သိလောက်မည်။ အခုတော့ ဒါတွေကိုမသိတတ်ပဲ ဒီဆံပင်အရှည်တွေနဲ့သူနဲ့ အသားတကျရှိနှင့်နေပြီးမှ ဒီလိုဆုံးရှုံးမှုမျိုးကို ဖြစ်စေသည်။
စိတ်ရှိ၊လက်ရှိနဲ့ လက်သီးနဲ့ပိတ်ပက်ထိုးပစ်ရရင် ဒီဟာလေးတော့ အမှုံ့ဖြစ်သွားလိမ့်မည်။
"ထွက်ခဲ့ သမီးငယ်၊ နင်တော့ သေမယ်သာမှတ်...."
အံကိုတင်းတင်းစေ့လို့ သွားကြားလေတိုးသံဖြင့် ခေါ်နေသော်လည်း သမီးငယ်၏အရိပ်ကလေးကိုပင် မတွေ့ရပေ။
YOU ARE READING
အချစ်ဦး (Completed)