အပိုင်း (၄၄)

3.6K 132 5
                                    

"ဒီတစ်ခေါက် ပုဂံကပြန်လာရတာ စိတ်တွေပေါ့ပါးသွားသလိုပဲနော်....."

မှန်ချထားသော ကားပြတင်းကနေအပြင်ဘက်သို့ ခေါင်းသာမက လက်နှစ်ဖက်အထိပါ ထုတ်ထားပြီး ဆန့်တန်းထားရင်း ကားမောင်းနေသော သူ့ဘက်သို့ငဲ့ကာ ပြောမိသည်။

သူကငယ်ကြည့်နေသည်ကို မသိသည့်အလား ငယ့်ကိုအာရုံမထားပဲ ရှေ့သို့သာကြည့်နေသည်မို့ သူတော့စိတ်ဆိုးနေပြီဆိုတာကို ငယ်သိလိုက်ပါပြီ။

"စိတ်မဆိုးနဲ့...."
ကားထဲကိုခေါင်းပြန်ဝင်လိုက်ပြီး သူ့ဘက်လှည့်ကာ သူ့ပခုံးကိုတို့ထိရင်ထိုသို့ဆိုတော့လည်း သူဟာဘာမှပြန်မပြောသေးပါ။

"စိတ်မဆိုးနဲ့လို့..."

ခန္ဓာကိုယ်ကိုပါ သူ့အနားတိုးကပ်လိုက်ပြီး မျက်နှာငယ်လေးလုပ်ပြတော့...
"မဆိုးဘူး..." ဆိုသည့် အဖြေနှင့်အတူ သူဟာ ငယ့်အပေါ်မှာ စိမ်းသက်ပြတော့သည်။

"ထည်ဝါလေး....."

ကားပေါ်ကနေဆင်းဆင်းချင်းမှာ ငယ့်ဆီကို ပြေးလာသည့် ငယ့်ရဲ့ထည်ဝါသေးသေးလေးက အရင်ကလိုမျိုး ပွေ့ချီယူ၍မရတော့သည်မို့ ငယ့်ခါးလောက်နီးနီးအရပ်ရှိတဲ့ သူ့ကို ပွေ့ဖက်ရင်းနှုတ်ဆက်လိုက်သည်။

"ဝုတ်..ဝုတ်..."

ခါးကိုင်းလို့ ပွေ့ဖက်ထားတာ ငယ့်ပခုံးပေါ်ကိုခုန်တက်လာတဲ့ ဒီထည်ဝါနှင့်ငယ်ရဲ့သေးသေးလေးဟာ အချိန်တွေအကြာကြီးအတူတူရှိခဲ့သည့်တိုင် မတည့်ကြသေးသည်ကို ငယ်က သဘောတကျရယ်မောရင်း ပခုံးပေါ်ကထည်ဝါလေးကို လက်ကလေးဖြင့် ယူလိုက်ပြီး....
"မမကို လွမ်းနေလား ထည်ဝါ..."

စပျစ်သီးတစ်လုံးကို ပါးစပ်ထဲကနေပြန်ထုတ်ရင်း လက်သေးသေးလေးတွေနှစ်ဖက်ဖြင့်ညှပ်ကိုင်ထားသည့် ဒီရှဉ့်လေးဟာ ငယ့်ရဲ့ထည်ဝါအကောင်ပေါက်လေး အစားပြန်လာသလိုပင်။

"မား....."
ခေါ်သံနှင့်အတူ ငယ့်ဆီကိုအပြေးလာနေသည့် ငယ့်ရဲ့ထည်ဝါအကြီးလေးကြောင့်နဲ့ အကောင်ပေါက်လေးကို အနီးဆုံးပန်းပင်လေးထက်မှာချထားပေးပြီိး ထည်ဝါဝင်လာလို့ရအောင် ဒူးချထိုင်လိုက်ပြီး ရင်ဖွင့်ထားပေးဖြစ်သည်။

အချစ်ဦး (Completed)Where stories live. Discover now