"ထည်ဝါ...."
ကမ်းခြေတွင် သူတစ်ယောက်တည်းထိုင်နေရင်းမှ ပခုံးကိုထိတွေ့လာသော ဒယ်ဒီကြောင့်နဲ့နောက်သို့လှည့်ကြည့်ကာ...
"ထိုင်လေ ဒယ်ဒီ""အင်း....."
ညနေဘက်မှာ အမွှာလေးတွေနှင့်အလုပ်ရှုပ်နေကြသည့် သူတို့တွေကိုချန်ရစ်ခဲ့ပြီးတစ်ယောက်တည်း ထွက်သွားသည့် ထည်ဝါနောက်ကို ကောင်းလိုက်လာခဲ့တာဖြစ်သည်။
"အရမ်းပင်ပန်းနေလား ထည်ဝါ။ ဒယ်ဒီ့ကိုပြောလေ...ဒယ်ဒီအဆင်ပြေအောင်ကူညီနိုင်တာရှိမယ်ဆိုရင်ကောင်းမယ်"
ကောင်းဘက်က ထုတ်ပြောသည့်တိုင် ထည်ဝါသည် ဘာမှပြန်မပြောသေးပဲ ဆိတ်ငြိမ်နေသည်။ တကယ်ဆိုထည်ဝါသည် အကွေးနဲ့မတွေ့ခင်က ကောင်းရဲ့ပုံစံနှင့်သိပ်ကိုဆင်သည်။
မွန်းကြပ်စရာကောင်းသည့် အခြေအနေတွေကို ငြိမ်သက်ခြင်း၊ ဒေါသထွက်ခြင်းဖြင့် ခံစားနေရရှာသော ကောင်းရဲ့ငယ်ဘဝကိုအမှတ်ရစေသည့် ကောင်းရဲ့အငယ်ဆုံးသားလေးကို ကြည့်ပြီး ကောင်းစိတ်ထဲမကောင်းပေ။
ဖြစ်နိုင်လျှင် နေခြည်နှင့်ရောင်ဝါကဲ့သို့ ပေါ့ပါးသောဘဝနေထိုင်မှုပုံစံကို ထည်ဝါ့ကိုလည်းရစေချင်သည်။
"ဒယ်ဒီ....."
ငြိမ်သက်စွာထိုင်နေရင်းမှ ထည်ဝါ့နှုတ်ကနေ ခပ်တိုးတိုးလေးထွက်လာသောခေါ်သံလေးမှာ ကောင်းဘက်က ချက်ချင်းပဲအကြည့်ပို့ရသည်။
ဘေးတိုက်အနေအထားကနေကြည့်လျှင်တောင်မှ ဒီသားငယ်၏မျက်နှာတွင်နာကျင်နေမှုများကို အတိုင်းသားမြင်နေရသည်။"ကျွန်တော် ရှုံးနိမ့်နေသလိုခံစားရတယ် ဒယ်ဒီ။ ဒီလောက်ထိ သမီးငယ်ဘက်ကပင်ပင်ပန်းပန်းဖြစ်ခဲ့ပြီးမှ အခုချိန်မှလာပြီးအဖေနေရာကိုဝင်ယူရမှာကို ကျွန်တော်လိပ်ပြာမလုံဘူးဗျာ။
အမှန်အတိုင်းပြောရရင် အမွှာလေးသုံးယောက်ရဲ့ မျက်နှာကိုတောင် မကြည့်ဝံ့ပါဘူး။ ကျွန်တော့်ဘက်က ဘာတစ်ခုမှ လုပ်ပေးနိုင်ခဲ့တာမရှိဘူးလေ။"
"အင်းး....အခုချိန်ထိတော့ မင်းပြောတာ မှန်ပါတယ်။ ဒါပေမယ့် ထည်ဝါ၊ ရှေ့လျှောက်ပြီး ပိုဂရုစိုက်ပေးရင်၊ မင်းစိတ်ထဲအခုခံစားနေရသလောက်ိကို ပိုပိုပြီးချစ်ပြပေးရင် လုံလောက်ပါတယ်"
YOU ARE READING
အချစ်ဦး (Completed)