အပိုင်း (၂၆)

2.9K 126 7
                                    

"ဘာဖြစ်တာလဲ အန်တီလေး၊ ဒီကလေး တော်တော်လေး အားနည်းနေပုံပဲ"

သမီးငယ်အား အခန်းရှိရာသို့ချီပို့ပေးပြီး သိပ်မကြာခင်အချိန်တွင် နေပြည်တော်ကုတင်၁၀၀၀တွင် တာဝန်ထမ်းဆောင်နေသော ကြယ်စင်လင်းကို နေခြည်ကလှမ်းခေါ်လေသည်။

အလင်းသည် ရောက်ရောက်ချင်းမှာပဲ သမီးငယ်၏ခန္ဓာကိုယ်ကိုစမ်းသပ်သည်။

"အခုရက်ပိုင်း အပျော်တွေများပြီး အစားသိပ်မစားဘူးလေ။ အခုကြည့်....ပြသနာဖြစ်တော့ သူ့မှာ အားမရှိဘူး။"

သမီးငယ်ဘက်ကနေ နေခြည်က မခံမရပ်နိုင်ဖြစ်ကာ ဝင်ပြောတော့ အသက်သည် သူမ,ရွှေမင်းသမီး၏ ကျောပြင်ကို ခပ်ဖွဖွလေးသပ်ချပေးရင်း နေခြည့်ကျောပြင်ကို သူမမျက်နှာနဲ့ထိတွေ့ထားလေသည်။

"ဒရယ်ဂွန်...မင်းတို့ကောင်ဆီကို အဆက်အသွယ်လုပ်ပြီပြီလား။"

"သခင်လေးက ဖားကန့်ဘက်ရောက်နေတယ် အကိုလေး။ ဆက်သွယ်လို့မရဘူး"

မီးဆိုင်းလေးအနားမှာ ကျုံ့ကျုံ့လေးရပ်နေရင်းကနေ ပြန်ဖြေပေးတော့ အကိုလေးက သူ့ကိုကြည့်ပြီး မထူးဘူးဆိုသည့်သဘောမျိုးနဲ့ကြည့်လာလေသည်။

"မင်းတို့တွေ တစ်ခုခုကြံနေတာတော့ မဟုတ်ပါဘူးနော်...."

မယုံသင်္ကာနဲ့ထိုအမေးကို ဒရယ်ဂွန်သည်သည်းမခံနိုင်စွာနဲ့ပဲ အကိုလေးရဲ့လက်မောင်းကို လက်သီးဆုပ်လေးဖြင့် ထိတွေ့ရင်း မျက်နှာမကောင်းလုပ်ပြတော့ ခါးထောက်ကာရပ်နေသော အကိုလေးက ခေါင်းကိုအသာရမ်းပြီး ဒရယ်ဂွန့်ဆီကနေ အကြည့်လွှဲသွားတော့သည်။

"နေခြည် ထည်ဝါ့မွေးနေ့က ဘယ်နေ့လဲ။"

"ရှေ့ဗုဒ္ဓဟူးပဲအန်တီလေး.."

"၂၀ပြည့်မှာမလား။"

"ဟုတ်တယ်......."

နံဘေးရှိ အသံများကြောင့် ငယ်သည် မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။ ထိုသို့ငယ်မျက်လုံးပွင့်သည်ကို သိသည်နှင့်ချက်ချင်းမှာပဲ အားလုံးက ငယ့်နံဘေးကို ပြုံတိုးပြီးရောက်လာလေသည်။

"သက်သာလား ငယ်..."

"အန်တီလေး ဆေးပေးထားတယ်။ အစားစားပြီး ဆေးသောက်ရမယ်၊ အဲ့တာမှ ငယ်လုပ်ချင်တာကို ဆက်လုပ်လို့ရမှာ နားလည်လား။"

အချစ်ဦး (Completed)Where stories live. Discover now