အန်ကယ်ဦးမြင့်သောင်း ပြန်သွားသည့်အချိန်တွင် ငယ်သည် သူ့ဆံပင်တွေကို နောက်ထပ်တစ်ကြိမ်စုရုံး ပြီးနောက်တွင် ငယ့်ခေါင်းစည်းကွင်းကို ယူ၍ စည်းနှောင်ပေးဖို့လုပ်လိုက်သည်။
ထိုအချိန်မှာပဲ သူက ပြောလာသည်။
"အပေါ်ကို ခေါက်ပြီးတင်လိုက်။ အောက်မချနဲ့..."
ကျောလယ်လောက်ရှိသည့် သူ့ဆံပင်တွေကို သူကအမြဲ လိပ်တင်ထားတတ်သည်။ Provenceကို လိုက်မသွားခင်က သူ့ဆံကင်သည် ဂုတ်ထိလုလုမှာ ပင်ကိုကောက်သူမို့ ဆံပင်ပုံစံက မော်ဒယ်ကောင်လေးတွေလိုဖြစ်ခဲ့သည်။
အခုအခါမှာလည်း သူဟာဆံပင်အရှည်တွေကို လိမ်ခေါက်ပြီး နောက်စေ့နားတွင်ဆံညှပ်ဖြင့်တွယ်ညှပ်ထားသည်က ကပိုကရိုနှင့် သူ့မျက်နှာကို ကြည့်ကောင်းစေသည်ဟု ငယ်ထင်ပါသည်။ ထိုကြောင့် သူပြောသည့်အတိုင်းပင် ငယ့်ဆံညှပ်တစ်ခုကို အမြန်သွားယူပြီး သူဆံပင်တွေကို ပြေပြေလျော့လျော့လေးတွယ်ညှပ်ထားပေးလိုက်သည်။
"ဒီဘက်ကို လှည့်ဦး..."
ငယ့်ကို ကျောပေးထားသူကို အတင်းပဲဆွဲလှည့်စေပြီး ကကြီးပုံနဖူးအထက်မှ ဆံပင်တချို့ကိုဆွဲယူကာ ချထားပေးပြီး ငယ်ပြင်ဆင်ပေးနေသည့် သူ့မျက်နှာကို ကြည်ကြည်နူးနူးနဲ့ စိုက်ကြည့်နေမိသည်။"ငယ်...."
ရုတ်တရပ်ကြားလိုက်ရသည့် အသံကြောင့် ဆတ်ခနဲဆိုသလို ငယ်သည် လက်ထဲတွင်ကိုင်ထားဆဲဖြစ်သော ခေါင်းဖြီးကို လွှတ်ချလိုက်တော့သည်။
"အေးအေးဆေးဆေး စကားပြောကြ..."
ငယ်လွှတ်ချလိုက်သည့် ခေါင်းဖြီးကို ကောက်ယူပြီးသူသည် ငယ့်အနားကနေ ထ,ကာ ထွက်သွားသည်။"ငယ်ရယ် ငါတို့ဖြင့် အခုထိမယုံနိုင်သေးဘူး။ နာရေးပြီးနောက်ရက်မှာ ငါတို့လာသေးတယ်။ မလာသေးနဲ့ဦးဆိုလို့ ပြန်သွားတာလေ.....ဘာပဲဖြစ်ဖြစ် နင်အခုလိုအဆင်ပြေတော့ တော်သေးတာပေါ့...."
ငယ့်လက်ကို ဆွဲယူရင်း ကြင်ကြင်နာနာနဲ့ပြောနေသည့် သုန္နရီက ငယ့်အပေါ်မှာ အရမ်းကိုသနားကြင်နာနေသည်။ ငယ်တစ်ခါမှ လက်မခံဖူးတဲ့ သုန္နရီရဲ့ကြင်နာခြင်းတွေကို အံ့သြစွာနှင့်ငေးမောနေစဥ်မှာ....
YOU ARE READING
အချစ်ဦး (Completed)