"သားးး..."
သူတို့နှစ်ယောက်လုံး အိမ်ထဲကိုရောက်သည့်အချိန်တွင် ဧည့်ခန့်တစ်ခုလုံးမှာ ရစရာမရှိလောက်အောင်ကို ပစ္စည်းအကျိုးအပဲ့များဖြင့် ပြည့်နှက်နေလေသည်။
"ပါပါး .."
ကောင်းကင်လေးသည် လက်ထဲတွင် ကိုင်ထားသော တံမြက်စည်းကို လွှတ်ချလိုက်ပြီး ထည်ဝါထံသို့ လဲမကျအောင်ထိန်းရင်းပြေးသွားသော်လည်း နှစ်နှစ်ကျော်မျှသာရှိသေးသည်မို့ သူသည်မှောက်လျက်လဲကျသွားလေသည်။ထိုအခါမှပဲ ဧည့်ခန်းကိုဝင်လာကြသည့် ဒရယ်ဂွန်တို့စုံတွဲသည် ပစ္စည်းများဖြင့် ရှုပ်ပွနေသော ဆိုဖာပေါ်တွင် ပစ္စည်းများကိုဘေးသို့တွန်းဖယ်ပြီးဝင်ထိုင်လေသည်။
"ညီ...မင်းသားကကွာ၊ လုံးဝကို Geniusပဲ။
ဒီလိုပစ္စည်းတွေ ပစ်ခွဲရင် မင်းတို့ပြန်လာလိမ့်မယ်လို့ သူဘယ်လိုတွေးမိလိုက်လဲမသိဘူး။ ကြည့်ဦး...မင်းတို့ချက်ချင်းရောက်လာရတာ။""သခင်လေးတို့ ထွက်သွားတည်းက ကောင်းကင်စိတ်တိုနေတာ။"
အမွှာညီအမနှစ်ယောက်ကို ချီပွေ့ထားလျက်ကနေ လဲကျနေသော ကောင်းကင်ကို ထည်ဝါကို လက်ကမ်းပေးကာ မတ်တပ်ရပ်စေလိုက်ပြီးမှ...
"နောက်ဆို ဘယ်သွားသွားခေါ်သွားပေးမယ်။" ဟုပြောလိုက်သည်။ထိုအခါမှပဲ ထည်ဝါ့စကားကို ကောင်းကင်လေးက ခေါင်းကိုငြိမ့်ပြပြီး သူ့ပါပါးရဲ့ ခြေသလုံးအထက်ကို အတင်းပဲဖက်တွယ်လေတော့သည်။
"ဒါတွေကိုကြည့်ပြီး မင်း လုံးဝကိုစိတ်မတိုဘူးလား ညီ။ ကြည့်ဦး ဒီလိုပူးကပ်ပြီးနေနေကြတာကို စိတ်မအိုက်ဘူးလား။"
"သမီးငယ် သေချာကြည့်ပြီးသွား၊ ဓာတ်လှေကားကပဲ တက်...နားတော့"
"အင်း..ဒါနဲ့ ဒရယ်ဂွန်၊ ငယ်နဲ့ ခဏလောက်လိုက်ခဲ့ပါဦး။ မနေ့က စာရွက်တွေပြန်ကြည့်ကူစေချင်လို့..."
လက်ရှိ Nge Groupမှာ ကိစ္စအဝဝကို တာဝန်ယူထားရသော ဒရယ်ဂွန်သည် လကုန်လျှင်တော့ တစ်လတာအတွင် ကုမ္ပဏီ၏အကျိုးအမြတ်နှင့် ဝင်ငွေ၊ထွက်ငွေစာရင်းကို ငယ့်ထံသို့တင်ပြပေးသည်။
YOU ARE READING
အချစ်ဦး (Completed)