"ဒါဘာတွေလဲ ငယ်...."
နောက်ကျောဆီက အထိအတွေ့နှင့်တကွ မေးသံပေးလာသောမမနေခြည်ကြောင့် ငယ်သည် နှုတ်ခမ်းနီကိုရွေးချယ်နေရင်း တောက်တောက်ပပလေးပြုံးမိသည်။ပြီးနောက်တွင် အညိုရင့်ရောင်လေးကိုမှ အတောက်ဘက်သို့ သွားသောနှုတ်ခမ်းနီကို stylistအမဆီ အရင်ကမ်းပေးဖြစ်သည်။
ပြီးမှမမနေခြည်ဘက်သို့လှည့်ကာ ချိုအီနေသောမျက်နှာဖြင့်...
"Tatto ထိုးထားတာ..." ဟု ဖြေပေးဖြစ်သည်။ချက်ချင်းပဲ ငယ့်ကိုယ်ကိုဆွဲလှည့်ပြီး ကိုယ်ပေါ်မှာ ခြုံလွှမ်းထားသည့်တဘက်ကို ဆွဲဖယ်ရင်း အသေအချာထိတွေ့ပြီးကြည့်နေသည့် မမနေခြည်ကြောင့် ငယ်တော့တသိမ့်သိမ့်နဲ့ရယ်နေမိသည်။
"ဟုတ်ရော ဟုတ်လို့လား ငယ်ရယ်။ ဘယ်တုန်းက ထိုးလိုက်တာလဲ...တို့လည်း မသိလိုက်ဘူး"
"နည်းနည်းတော့ကြာသွားပြီရယ်...."
"ဒါဘာစာလုံးလေးတွေလဲ။"
ထိုအမေးကြောင့် ငယ်သည်အနောက်သို့ခေါင်းလေးယိမ်းပြီး မမနေခြည်ထံသို့ကြည့်မိသည်။ ငယ်ကြည့်နေသည်ကို သတိထားမိပုံမရပဲ မမနေခြည်က ငယ့်ကျောပြင်ကိုသာစိတ်ဝင်တစားနဲ့ဖြစ်နေသည်မို့ ငယ်ပိုပြီးပျော်ရသည်။
အပျော်တွေများပြီး ဂုဏ်ယူဝံ့ကြွားစွာနဲ့ပဲ...
"ထည်ဝါ့ နာမည်လေ" လို့ ထုတ်ပြောလိုက်တော့"ဘာ ဘာသာစကားနဲ့လဲ။ မှန်းစမ်း..."
နောက်ထပ်တစ်ကြိမ် ဂရုတစိုက်ကြည့်နေပြန်တဲ့ မမနေခြည်ကြောင့်နဲ့ ငယ်သည် ခန္ဓာကိုယ်ပြန်လှည့်လိုက်ပြီး မမနေခြည်ကိုကြည့်ကာ စိတ်လှုပ်ရှားစွာနဲ့ပင်...
"ခွီးးး..ကိုဘုန်း၊ ကိုဘုန်းလို့ ထိုးထားတာ""ဟင်...."
"ဟီး ဟီး...."
မမနေခြည်ဆီကနေ နားမလည်နိုင်ခြင်းများစွာပါဝင်နေသော အကြည့်များကို လက်ခံပြီး ကမ္ဘာတစ်ခုလုံးပိုင်ဆိုင်ထားသကဲ့သို့ ပျော်ရွှင်နေရင်းကနေ stylistအမ၏ လှမ်းခေါ်မှုကြောင့် ငယ်သည် အဝတ်လဲခန်းဆီသို့လျှောက်သွားရတော့သည်။
Rehearsalနေ့တုန်းကလိုမဟုတ်ပဲ အပေါ်မှ ဘွဲ့ဝတ်စုံကို ထပ်ဝတ်ထားရတဲ့ခံစားချက်က တကယ်ထူးခြားနေသည်။
YOU ARE READING
အချစ်ဦး (Completed)