M-3

4.3K 435 14
                                    

အခန်း ၃ ကျောင်းသားဟောင်း ပြန်လည်တွေ့ဆုံပွဲ

ထိုနေ့ ရာသီဥတုက တအားကိုကောင်းမွန်နေကာ စုလဲ့ မသွားဖို့ အကြောင်းပြချက်ရှာမရ လင်းချီနဲ့ ကျန်းဝေတို့ အတွဲ တူတူလာတက်ကြမယ်ဆိုတာ သူမ ထင်နေမိသည်လေ

စုလဲ့နဲ့ လင်းချီ စသိကတည်းက လင်းချီီက သူမနဲ့လိုက်ပြိုင်ရတာကို သဘောကျသည်လေ ဒိီတစ်ခါတော့ လင်းချီက ကျန်းဝေကို အပိုင်ရထားတော့ သူမစရိုက်နဲ့ဆို  တွေ့ဆုံပွဲမှာ ကြွားမှာ အသေချာပဲ ပြီးတော့ အေတက္ကသိုလ်မှာကတည်းက ကျန်းဝေက ဌာနမှာ ချမ်းသာပြီး အချောဆုံးလူထဲ ပါသည်လေ

လင်းချီကို သူမ ပြိုင်ဘက်ဖြစ်အောင် သူမဘာလုပ်မိလဲတော့ စုလဲ့လည်းမသိ ဒါမဲ့ သူမကတော့ လင်းချီကို တစ်ခါမှ ပြိုင်ဘက်အနေနဲ့သဘောမထားသလို သူများနဲ့ပြိုင်ရမှာကိုလည်း သဘောမကျ ခက်တာက လင်းချီက သူမလိုမဟုတ်ဘဲ ပျော်ပျော်ကြီး လိုက်ပြိုင်နေတာပဲ

-

ကုမ္ပဏီ HR စီကနေ သူမ အလုပ်ထွက်စာကိုခွင့်ပြုလိုက်ပြီဆိုတဲ့ ဖုန်းရပြီးတော့ စုလဲ့ သူမ ပစ္စည်းတွေကိုသိမ်းဖို့ အမြန်ကုမ္ပဏီကိုသွားကာ သူမ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်သည်။

ရုံးထဲက လူတွေက တအား စန်းစန်းတင့်ဖြစ်တဲ့သူမဟုတ်သလို ဘာတွေဖြစ်ခဲ့လဲဆိုတာကိုလည်း မသိကြ သူတို့က စုလဲ့ကို အဆက်အသွယ်လုပ်ဖို့သာ မှာကြသည်။

စုလဲ့က အရူးမဟုတ် လူတိုင်းက ကိုယ့်ဝမ်းစာ ကိုယ်ရှာနေရပြီးတော့ အကြောင်းရင်းမရှိဘဲ ဘယ်သူ့ကိုမှ ဆန့်ကျင်ချင်ကြတာ မဟုတ်ဘူးလေ လူတိုင်းကို နှုတ်ဆက်ပြီးတော့ သူမ ပစ္စည်းတွေကိုသယ်ကာ ထွက်လာခဲ့သည်။  ဒီကုမ္ပဏီကို သူမဘယ်တော့မှ ထပ်ခြေချတော့မှာမဟုတ်  အစက သူမ ဒီကထွက်ပြီး ကျန်းဝေ တို့ ကုမ္ပဏီမှာ အလုပ်ဝင်ဖို့ပင် ဖြစ်ချင်တော့ ဖောက်ပြန်ခံလိုက်ရတယ်

အာ့ကြောင့်ပြောကြတယ် ယောကျ်ားတစ်ယောက်စိတ်ထဲ ဘာတွေတွေးနေလဲ ကြံနေလဲဆိုတာ သူသေတဲ့နေ့ထိ ဘယ်သူမှ မသိနိုင်ဘူးဆိုတာ ဆိုရိုးက နည်းနည်းလွန်တယ်ဆိုရင်တောင် အကြောင်းမရှိဘဲ အကျိုးဖြစ်မလာဘူးလေ

Hello Wife! (Mm translation)Where stories live. Discover now