M-4

4K 382 3
                                    

အခန်း ၄ တည်ငြိမ်တဲ့အတန်းဖော် စုလဲ့

စုလဲ့ကြောင်သွားကာ သူမလက်ကိုကိုင်ထားတဲ့ အမျိိုးသားကိုကြည့်လိုက်သည်။ ထိုလူက အရပ် ၁၈၀ စင်တီမီတာလောက်ရှည်ပြီးတော့ ချမ်းသာတဲ့ပုံစံ ကြည့်ကောင်းတဲ့ရုပ်ရှည်ရှိသည်။ သူမ အမြင်အရ သူက သူနဲ့လိုက်ဖက်တဲ့ အဝတ်စားကိုဝတ်ဆင်ထားပြီးတော့ စျေးက နိမ့်မျာမဟုတ်လောက်ဘူး လမ်းဘေးက ယွမ် ၁၀၀ ဆို ၃ ထည်ရတဲ့ဟာမျိုးကတော့သေချာပေါက်မဟုတ်ဘူးပေါ့

ဒီလူက ချမ်းသာသလို ကြည့်ကောင်းသည့်လူပင် စုလဲ့ ၃ စက္ကန့်လောက်ကြောင်နေပြီးမှ တည်ငြိမ်စွာ သူမကိုကိုင်ထားတဲ့လက်ကို ပုတ်ပြီး ချောင်းဆိုးကာ "ရှင်က......"

"စီနီယာဝေ" လီရှုရန်က စုလဲ့ ဘေးမှာ ရပ်နေတဲ့ ဝေချုကိုကြည့်ကာ လူတိုင်းကြောင်အနေကြသည်။ စုလဲ့နဲ့ဝေချုကဘယ်တုန်းက ဒီလောက် ဆက်ဆံရေးကောင်းသွားတာလဲ မဟုတ်သေးဘူး စီနီယာဝေက စုလဲ့ကို သဘောကျနေရင်တောင် ဒီလိုနည်းလမ်းသုံးစရာလိုလို့လား

လီရှုရန်က ဘေးက လိမ္မော်သီးကို တချက်ကြည့်ပြီး တည်ငြိမ်စွာ အခွံခွါလိုက်သည်။

ကျန်းဝေက ဝေချု စုလဲ့လက်ကိုကိုင်ထားတာမြင်တော့ သုန်မှုန်သွားတော့သည်။ ဝေချုက ဘယ်သူလဲ သူသိတာပေါ့ သူတက္ကသိုလ်ကိုစဝင်တော့ ဝေချုက ကျောင်းသားကောင်စီရဲ့ ဥက္ကဌလေ အဲ့ချိန်တုန်းက ဝေချုက တက္ကသိုလ်ရဲ့ လွှမ်းမိုးနိုင်တဲ့ပုံရိပ်တစ်ခုဖြစ်နေပြီးတော့  သူဘွဲ့ရသွားတော့ သူ့နေရာကို ကျန်းဝေ ယူပြီး ကျောင်းသားကောင်စီရဲ့ဥက္ကဌဖြစ်လာတာ ဒါမဲ့ ဝေချုကို လူတော်တော်များများက ချီးကျုးမပျက်ခဲ့ကြ

ယောကျာ်းလေးကျောင်းသားတွေထဲမှာ ဝေချုက မနာလို အားကျရတဲ့သူပဲ ကျ်နးဝေကတော့ ဝေချုကို မခံချင်ဖြစ်လို့နေသည်။ ဘာလို့လဲဆိုတော့ အနှိုင်းယှဉ်ခံရတာကို ဘယ်သူမှ မကြိုက်

စုလဲ့ က ဘာမှမပြောပေမယ့် သူမကိုကြည့်နေတဲ့လူအုပ်ကြီးကတော့ စာနာမှုအစား မုန်းတီးမှုတွေ မနာလိုမှုတွေပဲ ပြည့်သွားတော့တာ

"စီနီယာဝေကို ဒီမှာတွေ့ရမယ် မထင်ထားဘူး" ကျန်းဝေက ထရပ်ကာ ပြုံးပြီး လက်ဆန့်ကာ "မတွေ့ရတာကြာပြီ စီနီယာဝေက အရင်တိုင်းကြည့်ကောင်းနေဆဲပဲ"

Hello Wife! (Mm translation)Where stories live. Discover now