M-14

2.9K 267 5
                                    

အခန်း ၁၄

ထိုညပွဲပြီးးကတည်းက စုလဲ့က ဘာမှမမေး ဒါမဲ့ ချန်ယွဲ့နဲ့တူတူနေနေတာကြောင့် သူမက လင်းချီ အလုပ်ထုတ်ခံရကြောင်းကို ပြောပြလာဆဲပင်

စုလဲ့က လင်းချီနဲ့ကျန်းဝေကြား ဆက်ဆံရေးကကို သိပ်မရှင်း ပြီးတော့ တစ်ယောက်က သူမ ဆက်ဆံရေးကိုဖျက်ဆိးပစ်တဲ့လူ တစ်ယောက်ကကျ တဘဝလုံးတူတူရှိမယ်ဆိုပြီး ကတိဖျက်ခဲ့တဲ့သူ လွှတ်ထားပေးလိုက်တယ်ဆိုပေမယ့် ခွင့်လွှတ်တာတော့မဟုတ်

-

ကွန်ပျုတာကိုဖွင့်ကာ သူမ ဝတ္ထုရဲ့အပိုင်းသစ်ကိုတင်လိုက်သည်။ စုလဲ့က ချိုမြိန်တဲ့အဆုံးသတ်တွေကိုသဘောကျသည်လေ သူမ ပထမဆုံးဖတ်တဲ့ ဝတ္ထုက စီအီးအိုနဲ့ ရိုးရှင်းပြီး အားနည်းတဲ့မိန်းကလေးအကြောင်းပင် အမျိိုးသမီးဇာတ်ဆောင်က အမြဲဒုတိယအမျိုးသမီးဇာတ်ဆောင်ဆီ အနိုင်ကျင့်ခံရနေတာကြည့်ပဲ ဝတ္ထုတော်တ်ောများများဖတ်ပြီးတော့ စုလဲ့ အဲ့လို အမျိုးသမီးဇာတ်ဆောင်တွေကို မကြိုက် ငိုဖို့ပဲ တတ်တဲ့ အမျိုးသမီးတွေက တကယ်မုန်းဖို့ကောင်းသည်လေ

အဲ့ကနေ သူမဘာသာ စရေးဖို့ဆုံးဖြတ်လိုက်တော့တာပဲ သူမဇာတ်ဆောင်တွေက လှတယ်တော်တယ် အပြင်ပန်းမှာ အားနည်းတဲ့ပုံဖြစ်နေရင်တောင် သူတို့က စိတ်ပိုင်းဆိုင်ရာသန်မာပြီး အချစ်မရှိရင် အသက်မရှင်နိုင်တဲ့သူတွေမဟုတ်ကြဘူး

ရုတ်တရက် သူမ စစချင်းဖတ်ခဲ့တဲ့ ဝတ္ထုတွေကို ကျေးဇူးတင်လာမိသည်။ မဟုတ်ရင် လက်ထဲဘယ်လိုလုပ် အပိုဝင်ငွေရှိမလဲ? ချမ်းသာတဲ့စီအီးအိုတွေလိုတော့မဟုတ်ပေမယ် တိုက်ခန်းတစ်ခန်းလောက်ငွေပေးချေနိုင်ပီး Ben Ben mini လေးတာ့ ဝယ်လို့ရသည်လေ

ပြသာနာက သူမရဲ့ကားမောင်းစွမ်းရည်က မကောင်းတာပဲ သူများကိုကော သူမကိုယ်သူမပါ ထိခိုက်မိမှာစိုးလို့ သူမ ကားမမောင်းရဲ

"စုလဲ့ မအိပ်သေးဘူးလား?" ညအိပ်ဝတ်စုံနဲ့ ချန်ယွဲ့က လက်ထဲ နွားနို့တခွက်ကိုင်ကာ အခန်းထဲ ဝင်လာပြီး "၁၂ တောင်ထိုးတော့မယ့် မနက်ဖန် ပင်ပန်းမှာကို နင်စိတ်မပူတောင် နင့်အသားရေကိုတော့ နင်တွေးသင့်တယ်"

Hello Wife! (Mm translation)Where stories live. Discover now