M-22.2

2.2K 228 3
                                    

အစကနေ အဆုံးထိ စုလဲ့ ဘာမှမပြောဘဲ လက်ဖက်ရည်ပဲသောက်နေခဲ့တာ ချန်ရှုပြောတာထားတော့ ကျန်းတင်းအမူအရာကို တချက်လှမ်းကြည့်လိုက်သည်။ မပျော်တာ စိတ်ညစ်တာ မျိုးမတွေ့တော့မှ စုလဲ့က "ကုမ္ပဏီက စီစဉ်တာဆိုတော့ ဘယ်သူက ကိုယ်စားပြုလာလာအရေးမကြီးဘူးထင်ပါတယ်"

"ကိုယ်စားပြုက စုလဲ့ဖြစ်ရင်တော့ကောင်းတာပေါ့" ကျန်းတင်းက ရုတ်တရက် ပြုံးကာ "စုလဲ့က ကုမ္ပဏီထဲမှာ အသစ်ဆိုပေမယ့် သူမက အလုပ်ကိုတော့ သေချာအာရုံတစိုက်လုပ်တဲ့သူပါ" ပထမတစ်ခွန်းက ချန်ရှုကို သိစေချင်ပြီး ဒုတိယတစ်ခွန်းက စုလဲ့အတွက်ပင်

ပြောရရင် စုလဲ့ကို ချီးကျုးသလိုနဲ့ ပြောချင်တာက စုလဲ့က ဝန်ထမ်းသစ် ဆိုတာပင်

သူများတွေက တခြားအဓိပ္ပာယ်ကို သိချင်မှ သိမှာဆိုပေမယ့် စုလဲ့ကတော့ ပြုံးလို့သာနေပြီး လက်ဖက်ရည်သာသောက်နေခဲ့သည်။

ပြသာနာတစ်ခုခုဖြစ်လာရင် စုလဲ့ကို သူမယုံရင်တောင် သူ့ဘောစ့်အမြင်ကို သူယုံသင့်သည်လေ ချန်ရှုက ကျန်းတင်းဆိုလိုရင်းကို နားလည်လိုက်သည်။

သုံးယောက်သာား ပူးပေါင်းမှုနဲ့ပက်သက်ပြီး တည်ငြိမ်စွာ ဆက်ပြောနေခဲ့ကြသည်။ ၃ မိနစ်လောက်နေတော့ ဧည့်ခန်းတံခါးပွင့်လာပြီး ဝေချုက ယဉ်ကျေးတဲ့အပြုံးတစ်ခုနဲ့ဝင်လာကာ "စောင့်ခိုင်းရလို့တောင်းပန်ပါတယ် စီမံကျန်း"

"ဘယ်ကသာ စီအီးအိုဝေက အချိန်ကွတ်တိပါပဲ ကျွန်မတို့ကသာ စောရောက်နေတာပါ" လို့ ကျန်းတင်း ထရပ်ရင်းဝေချုနဲ့ လက်ဆွဲနှုတ်ဆက်ကာ ဆိုသည်။

ဝေချု ကျန်းတင်းလက်ကိုလွှတ်ကာ စုလဲ့ကိုပြုံးပြလိုက်သည်။ ထို့နောက် ထိုင်ပြီး ပူးပေါင်းမှုနဲ့ဆိုင်တဲ့ အသေးစိတ်ကိုပြောကာချန်ရှုက ဘေးကနေ သေချာလိုက်မှတ်တော့သည်။

စုလဲ့ ထိုင်ပြီး အဓိကအချက်တွေကို မှတ်မိအောင် နားထောင်နေခဲ့သည်။ ဝေချုနဲ့ ကျန်းတင်းပြောတာတွေကြည့်ပြီး သူမ စီးပွါးရေးလောကထဲက တော်တဲ့သူတွေကို လေးစားလာမိသည်။ သူတို့စကားတွေက ရှင်းလင်းပြီး တာဝန်တွေကို သေချာခွဲနေကြတာပင်

Hello Wife! (Mm translation)Where stories live. Discover now