M-25.1

2.1K 227 3
                                    

အခန်း ၂၅ ဘဲကို ကြက်က စကားပြောခြင်း

စုလဲ့က သူမရဲ့ အသုံးမဝင်တဲ့အဖေအကြေငါး်ကို ပြောမယ်ဆို ဒီမှာရှိနေတဲ့ မိန်းမအများစုက အံတွေကြိတ်ပြီး သူတို့လည်း ဝမ်းနည်းပူဆွေးကြောင်းပြောပြလာကြလိမ့်မည်လေ

ဘာလို့လဲဆိုတော့ စုလဲ့အမေ အသက် ၂၀ လောက်မှာ စုလဲ့အဖေကို လက်ထပ်ခဲ့ပြီးတော့ အိမ်ကနေ ပိုက်ဆံရှာမယ်ဆိုပြီးထွက်သွားလိုက်တာ စုလဲ့မွေးတဲ့ချိန်ထိ ပြန်မလာခဲ့တော့

စုလဲ့ ထမင်းစားနိုင်တဲ့အချိန်မှာ သူမ အမေက သူမခင်ပွန်းက အပြင်မှာ မယားငယ်ရှိနေသည်ဆိုတာကို သိခဲ့ရသည်။ လူတိုင်းက စုလဲ့အမေ ပြသာနာရှာတော့မယ်လို့ ထင်နေကြတဲ့ချိန် သူမက ရှေ့နေ့တစ်ယောက်သာ ငှါးပြီး ကလေးကိုထောက်ပံဖို့ သူမနဲ့ထိုက်တန်တဲ့လျော်ကြေးကို တောင်းပြီး ကွာရှင်းခဲ့သည်လေ

ပြီးတော့ အဲ့ ဒရာမာထဲက ဇာတ်ဆောင််တွေလိုနှလုံးကွဲမတတ် ငိုတာမျိုးလည်းမရှိ စုလဲ့အမေက အကောင်းမြင်တတ်တဲ့အမျိုးသမီးပင် စတိုးဆိုင်တစ်ဆိုင်ဖွင့်ပြီး အဝတ်စားလှလှလေးတွေ စားကောင်းတာတွေ ဝယ်ဝတ်စားသည်။ ပြသာနာက တစ်ခုတည်း နောက်ထပ်ယောကျာ်းမရှာတော့တာပဲ

သူမက တော်တဲ့အမျိုးသမီးတစ်ယောက်ပ် သူမဘာသာ အထည်ချုပ် စက်ရုံသေးသေးလေးတစ်ခုဖွင့်ပြီး စီးပွါးရေးလည်း သိပ်မဆိုးတာနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စိတ်အေးလက်အေးစက်ရုံကို ပြန်ရောင်းစားခဲ့သည်လေ ခုတော့ သူမက ရှုပန်းထိုးအလုပ်ရုံဖွင့်ထားပြီတော့ အမျိုးသမီးဝန်ထမ်းအသစ်တချို့ငှါးထားသည်လေ နေ့ရက်တွေကို သက်သောင့်သက်သာနဲ့ဖြတ်သန်းနေပြီ တစ်ခါတလေ သူငယ်ချင်းတွေနဲ့တွေ့ပြီးခရီးသွားတယ် အလှပြင်ဆိုင်သွားတယ် ဒါမှမဟုတ် မာကျောက်ကစားတယ်  မိန်းမတစ်ယောက်ရဲ့ ဒုက္ခဆိုတဲ့ အရိပ်အယောင်မျိုးကို မြင်တောင်မမြင်ခဲ့ရ

စုလဲ့အမေကြောင်းပြောရင် သူတို့ရဲ့ ပထမဆုံးအမြင်က သူမက တော်ပြီးတော့ ဒုတိယတစ်ခုက အေးဆေးသက်သောင့်သက်သာနေနေတဲ့ အားကျစရာအမျိုးသမီးတစ်ယောက်ပင် နောက်ဆုံးမှသာ စုလဲ့အမေက ကွာရှင်းထားတယ်ဆိုတဲ့အကြောင်း သူတို့သတိရကြတာ

Hello Wife! (Mm translation)Where stories live. Discover now