M-58

1.9K 168 0
                                    

အခန်း ၅၈ မျက်နှာနှစ်ဖက်

——-

ဝေချုက သူမကို ဒီချိန်ကြီးထပြီး လက်ထပ်ခွင့်တောင်းမယ်မထင်ထားခဲ့ သူမ ဝေချုလုပ်ခဲ့တဲ့အရာတွေကို ပြန်တွေးနေမိသည်။ ဟင်းချက်ဖို့သင်တာ သူတို့နာမည်ကိုကျောက်တုံးမှာထွင်းတာ ပြီးတော့ သူ့ကွန်ပျုတာထဲက သိမ်းထားတဲ့ပုံတွေ သူမ စာအုပ်တွေအကုန်ထားထားတဲ့သူ့စာအုပ်စင် သူနဲ့စဒိတ်ကတည်းက သူမမပျော်အောင် သူဘာတစ်ခုမှမလုပ်ခဲ့ဘူး ဝေချုက ချိုသာတဲ့စကားတွေပြောတတ်တဲ့သူမဟုတ်ပေမယ့် သူမအတွက်အများကြီးလုပ်ပေးခဲ့တာ တကယ်တန်း ချိုသာတဲ့အရာတွေထိုင်ပြောပြီး ဘာမှဖြစ်မလာပေးတဲ့ယောကျ်ားထက် တိတ်တိတ်လေးအကုန်ကြိုပြင်ဆင်ထားတဲ့ ယောကျ်ားကို ပိုပြီး ရင်ထဲ ရှိစေတာမဟုတ်လား

စုလဲ့က စကားချိုတဲ့ယောကျ်ားတွေကို သဘောမကျပေ ထိုအစား ဝေချုလိုလူမျိုးကိုသာ သူမ သဘောကျတာ တကယ်လို့ အခုလက်ရှိဝေချုအပေါ်ထားတဲ့ခံစားချက်ကိုမေးလာရင် သို့ သူ့ကိုရင်ခုန်လားမေးလာလို့ မချစ်ဘူး လို့ပြောရင် သူမလိမ်နေတာပင်။ တကယ်တန်း သူမနှလုံးသားက သူတို့ ပိတ်ရက်မှာဖူတောင်ကိုသွားလည်ကတည်းက ခုန်လာခဲ့တာ သူ့ကိုချစ်မိသွားတဲ့အချိန်ဆိုရင်တော့ သူမနာမည်ကို ကျောက်တုံးပေါ်မှာထွင်းထားတာကို သိသွားတဲ့အချိန်ဖြစ်လိမ့်မည်။

မိန်းမတွေက ထိခိုက်ခံစားလွယ်ခွင့်ရှိသည်လေ ပြီးတော့ ဝေချုအပေါ်ထားတဲ့ သူမရဲ့ ခံစားချက်တွေ သဘောကျရာကနေ အချစ်ကိုကူးပြောင်းသွားတာကလည်း ပထမဆုံးအကြိမ်ပင် သူမက သန်မာတာကိုသဘောကျပေမယ့် သူတို့စရိုက်တွေကကိုက်ညီသည်ဟု သူမခံစားရသည်။ သူမ သန်မာတာကိုသဘောကျပေမယ့် ဘာကလုပ်သင့်တယ်။ မလုပ်သင့်ဘူးဆိုတာကိုတော့ သိသည်လေ ဝေချုက လွှမ်းမိုးနိုင်တဲ့လူတစ်ယောက်ဖြစ်ပေမယ့် စုလဲ့က သန်မာတဲ့စရိုက်ရှိတာသိနေတာကြောင့် သူမကိုဘာမှဖိအားမပေးခဲ့ အဲ့ဒါကြောင့်လည်း သူတို့ကြားမှာ နားလည်မှုတွေရှိလာခဲ့တာ

သူမရှေ့မှာဒူးထောက်နေတဲ့လူ စုလဲ့ သူ့မျက်လုံးထဲက မျှော်လင့်ခြင်းတွေတုန်လှုပ်နေမှုတွေကို မြင်တော့ "ရှင့်ပိုင်ဆိုင်မှုတွေကို စိတ်မဝင်စားသလို လိုလည်းမလိုချင်ဘူး"

Hello Wife! (Mm translation)Where stories live. Discover now