M-54

1.8K 175 1
                                    

အခန်း ၅၄ ဖော်ရွေတဲ့ဝေ မားမား

————-

ဘယ်တော့မှရောက်မလာစေချင်ခဲ့တဲ့ စနေနေ့ မနက်ခင်းကရောက်ရှိိလာပြီပင်

သူမ သူမအိပ်ရာပေါ်မှာတင်ထားတဲ့ အင်္ကျီတွေ ဝတ်စုံတွေ စကပ်တွေကို ကြည့်လိုက်သည်။ ဒါမဲ့ သူမစိတ်ထဲ ဘာတစ်ခုကမှ မသင့်တော်သလိုပင် သူမ ဝန်မခံချင်ပေမယ့် စုလဲ့လေး တကယ်စိတ်လှုပ်ရှားနေခဲ့တာ

တစ်ခုပြီးတစ်ခုရွေးရင်း ရွေးရင်း သူမ အရောင်ဖျော့ဖျော့ ဝတ်စုံရှည်တစ်ခုကိုသာရွေးလိုက်တော့သည်။ စတိုင်လ်က ရိုးရှင်းပေမယ့် ရင့်ကျက်တဲ့အမျိုးသမီးအသွင်ကိုပေးသည်လေ အသက် ၈၀ အရွယ်လူကြီးဆိုတော့ ရည်ရည်မွန်မွန်မိန်းကလေးကို ပိုသဘောကျလောက်မယ်ထင်တာပဲ

သူမ အကုန်ပြီးခါနီးမှာပဲ ဝေချု့ဆီက ဖုန်းရလိုက်သည်။ လက်ဆောင်အိတ်ကြီးတစ်လုံးနဲ့အိတ်သေးတစ်လုံးကိုသယ်ပြီး အောက်ထပ်ကိုဆင်းလိုက်သည်။ သူမ တဖက်လူရဲ့ စနောက်ချင်နေတဲ့မျက်နှာကိုမြင်တော့ ရှက်သွားကာ "ဘာကိုကြည့်နေတာလဲ?"

"ကိုယ်က လှပတဲ့အမျိုးသမီးလေးတစ်ယောက်ကိုကြည့်နေတာ" ဝေချုက သူမအတွက် ကားတံခါးဖွင့်ပေးကာ စုလဲ့သယ်လာတဲ့အိတ်တွေအကုန်လုံးကိုနောက်ထဲ ထည့်လိုက်သည်။ တောက်ပစွာပြုံးကာ "အလှလေးကို ကူညီပေးရတာ ဂုဏ်ယူစရာပါပဲ" သူစိတ်ထဲ စိတ်သက်သာရာရသွားသလိုပင် စုလဲ့က ဒိီအလည်အပတ်ကို အရေးတကြီးဆက်ဆံပေးလို့လေ ဝေချုက စုလဲ့ သွားလည်တာနဲ့ပက်သက်ပြီး တုန်လှုပ်နေမှာကို မကြောက် သူမက သူ့ရဲ့ လူကြီးတွေ သူမကို ဘယ်လိုမြင်မြင် ဂရုမစိုက်ဘဲနေမှာကိုကြောက်တာပင်

"မနက်စာစားပြီးပြီလား?" ဝေချုမေးလိုက်သည်။

"ဗိုက်မဆာဘူး" စုလဲ့က တအားစိတ်လှုပ်ရှားနေတာကြောင့် ဗိုက်မဆာနိုင်ဘူးလေ

"မင်းစိတ်ပူနေစရာမလိုပါဘူး ကိုယ့်မိဘတွေက မင်းကို တအားသဘောကျပြီးတော့ မင်းကို ထမင်းဖိတ်ကျွေးချင်နေတာကြာလှပြီ ကိုယ့်အဘိုးကလည်း သဘောကောင်းတဲ့လူတစ်ယောက်ပါ" ပြောနေရင်း စုလဲ့ကို ခါးပတ်တပ်ပေးဖို့ လက်လှမ်းလာကာ "မနက်စာအရင်စားပြီးမှ သွားကြတာပေါ့"

Hello Wife! (Mm translation)Where stories live. Discover now