M-23.1

2.1K 220 2
                                    

အခန်း ၂၃ မိန်းမတွေက ကျားတွေပဲ

ကား နောက်တစ်ခါရပ်တော့ စုလဲ့ သူမ မမြင်ချင်တဲ့ တစ်စုံတစ်ယောက်ကိုမြင်လိုက်ရတော့သည်။ ကျန်းဝေပင်

တစ်ခါတလေ လူတွေကထူးဆန်းတဲ့သတ္တဝါတွေပင် တစ်ခုခုကိုလိုချင်လာတဲ့အခါ သူတို့လက်ထဲရောက်ဖို့ ဘာမဆိုလုပ်ကြမှာပင် ဒါမဲ့ အဲ့ဒါကိုလွှင့်ပစ်လိုက်ပြီးတော့ အသစ်ထပ်ဝယ်လိုက်လို့ အဲ့အစားထိုးက နဂိုလောက်မကောင်းဘူးဆိုတာကို သဘောပေါက်တဲ့ခါကျနရင်လည်း သူတို့အရင်က လွှင့်ပစ်ခဲ့တဲ့နေရာမှာ ရှိနေမလားလို့ ခေါင်းလေးလှည့်ရှာကြပြန်ရော

တီဗီဒရာမာဖြစ်ဖြစ် စိတ်ကူးယဉ်ဝတ္ထုဖြစ်ဖြစ် အချစ်အကြောင်းတွေက အမြဲနာမည်အကြီးဆုံးပင် စုလဲ့အမြင်အရ ဘာလို့ အဲ့အမျိုးအစားက နာမည်ကြီးရသလဲဆို အချစ်စစ်ဆိုတာ ဘယ်တော့မှ လွယ်လွယ်နဲ့ရောက်မလာသလို အပြည်စုံဆုံး ဖြစ်အောင် ထိန်းသိမ်းဖို့ကလည်း မလွယ်ကူလို့ပင်

ကျန်းဝေ အတွက် သူမက သူလိုချင်ခဲ့တဲ့ အရာတစ်ခုပင် သူ့လက်ထဲမှာတုန်းက သူများအတွက် သူမကို လွှင့်ပစ်ခဲ့တယ် ဒါမဲ့ သိပ်မကြာဘူး နောင်တ တအားရသွားခဲ့သည်လေ ဆိုးလွန်းတာက သူမက လူဖြစ်နေပြီး အရာဝတ္ထုမဟုတ်တာပဲ ဒိီကမ္ဘာမှ လွှင့်ပစ်ပြီးတိုင်း ပြန်မရနိုင်တာတွေအများကြီးပင်

"ကျန်းဝေ နင်ငါ့ကိုရှာတာ ကိစ္စရှိလို့လား?"     သူမဆံပင်ကို သပ်ရင်းမေးလိုက်သည်။

ကျန်းဝေက စုလဲ့နောက်က ဝေချုကို တချက်ကြည့်ပြီး ခနလောက်တိတ်နေပြီးမှ "လာလျှောက်ကြည့်တာပါ"

အချိန်ကိုကြည့်ကာ စုလဲ့သူ့ကို ထပ်ပြီး "စောပါသေးတယ် ဘာလို့ နင့်စီးပွါးရေးကိစ္စတွေလုပ်မနေတာလဲ နင့်မိသားစု စီးပွါးရေးကို မဆက်ခံတော့ဘူးလား?"

"ကုမ္ပဏီ စီအီးအိုတစ်ယောက်တောင် အချိန်တွေပေါနေသေးတာ ငါက အထွေထွေမန်နေဂျာ တစ်ယောက်ပဲလေေ" စုလဲ့ က သူ့ကိုမောင်းထုတ်နေမှန်းသိပေမယ့် သူက တမင်ဆက်ပြီး "ကိုယ်မင်းနဲ့ စကားပြောချင်တယ်"

"ပြောချင်တယ် ဘာကိုပြောချင်တာလဲ? ဘာတွေပြောစရာကျန်သေးလို့လဲ" စုလဲ့ သည်းမခံနိုင်တော့ "ဒီမမလေးက အရင်ကုမ္ပဏိီမှာစာချုပ်အလုခံရတယ် ပြီးတော့ အိမ်ပြန်ရောက်တော့ နင် တခြားမိန်းမကို ဖက်နေတာကိုမြင်ရတယ် ဆိုတော့ နင်ငါ့ကိုဘာပြောချင်နေသေးတာလဲ! ငါနင့်ကို မရိုက်လို့ မဆဲလို့ မနေနိုင်ဖြစ်နေတာလား ဟမ် နင်က ငါ့ကို ဒေါသထွက်ပြစေချင်နေတာလား နင့်ဦးနှောက်ပြသာနာရှိနေတာလား ငါနင့်ကို အခု ဒီနေ့ ဒီနေရာမှာ ရှင်းအောင်ပြောလိုက်မယ်! ကျန်းဝေ နင်နဲ့ငါကြား ဘာမှပြောစရာမရှိဘူး! ငါနဲ့ တတ််နိုင်သမျှ အဝေးဆုံးမှာနေတာကောင်းမယ် ငါ့စိတ်ရှည်မှုကို လာမစမ်းနဲ့ ကျေးဇူးပြုပြီး အရှက်လေးရှိပါဦး!" သူမပြောပြီးတာနဲ့ စုလဲ့ အဆောက်ဦးကို တန်းဦးတည်လိုက်တော့သည်။

Hello Wife! (Mm translation)Where stories live. Discover now