M-59

2K 170 0
                                    

အခန်း ၅၉

"စီအီးအိုဝေ Miss စု တိုက်ဆိုင်လိုက်တာ" စု့န်ဝေကလှပစွာပြုံးကာ "ဒီနေ့တွေ့ဖိုကံပါလာမှတော့ ထမင်းတူတူစားကြရအောင်လေ" ဝေချုနဲ့စုလဲ့ ကို တွေ့ဖို့ သူမတော်တ်ောကြာစောင့်ခဲ့ပြီးနောက်ဆုံးတော့ ပေါ်လာကြပြီပင်

ဝေချုက နည်းနည်းလေးတောင် ညှာတာမှုမရှိဘဲ ရက်စက်လိမ့်မယ်လို့စုန့်ဝေ ဘယ်တုန်းကမှ မထင်ထားခဲ့ စုလဲ့လိုမိန်းကလေးမျိုးကလည်း ဝေချုပေါ် ကြီးမားတဲ့သက်ရောက်မှုရှိလိမ့်မယ်လို့မထင်ထားခဲ့ စုလဲ့က တကယ်ပဲ ဝေချု့ကိုဘာများပြောလိုက်လို့ သူက သူ့အဆက်အသွယ်တွေပါသုံးပြီး သူမတို့ မိသားးစုကုမ္ပဏီပရောဂျက်ကိုပါ ထိခိုက်အောင်လုပ်ရတာလဲဆိုတာလည်း သူမ မသိ သူတို့ ကုန်ကြမ်းရဖို့ အဆက်သွယ်တွေတောင် ထိခိုက်သွားတဲ့ထိလေ

ဒီလိုလူမျိုးကို သူမ တကယ် မဆန့်ကျင်နိုင်ဘူးလေ စုန့်ဝေ သူမရှေ့က နွေးထွေးစွာပြုံးနေတဲ့ အမျိုးသားကိုကြည့်လိုက်သည်။ တိတ်တိတ်လေးအံကြိတ်ပြီး ခံစားချက်တွေကိုမျိုသိပ်ကာ "စီအီးအိုဝေနဲ့ Miss စု ကျွန်မတောင်းဆိုမှုကိုလက်ခံပြီး ကျွန်မကို အရှက်မရစေဖို့မျှော်လင့်ပါတယ်"

ဒီစကားက အဓိပ္ပာယ်နှစ်မျိုးရှိသည်လေ ဝေချုစုလဲ့ကိုကြည့်ပြီး "ရှောင်လဲ့ မင်းလုပ်စရာရှိတဲ့ကိစ္စက အရေးကြီးလား?"  ဝေချုက စုလဲ့ကိုဆုံးဖြတ်ဖို့အာဏာပေးလိုက်သလိုပင်

စုန့်ဝေ အဖြေအတွက် စုလဲ့ကိုသာ အားကိုးတကြီးကြည့်နေခဲ့သည်။

စုလဲ့က ကောင်းကင်ကိုမော့ကြည့်ပြီး "မစောတော့ဘူး..."

စုန့်ဝေ အမူအရာ မှိန်ကျသွားတော့သည်။

"တူတူစားလိုက်ကြတာပေါ့ ကျွန်မ ကိစ္စကအရေးမကြီးပါဘူး Miss စုန့်ကိုလည်း မျက်နှာသာပေးသင့်တယ်လေ" သူမက ဝေချုမဟုတ်တာကြောင့် ဘာဆုံးဖြတ်ချက်မှမလုပ်နိုင်ဘူးလေ ဝေချုက စုန့်ဝေ ကုမ္ပဏီကို ကူညီမညီက သူဆုံးဖြတ်တာအကောင်းဆုံးပဲလေ ပြီးတော့ သူမမှာနောက်ခံကောင်းရှိနေတာနဲ့ သူများကိုအနိုင်ကျင့်တာက သူမ ကျွမ်းကျင်တာမျိုးမဟုတ်ဘူးလေ

Hello Wife! (Mm translation)Where stories live. Discover now