M-35

2K 202 3
                                    

အခန်း ၃၅ ဖြည်းဖြည်းချင်းတိုးတက်လာမှု

လွန်ခဲ့တဲ့ရက်တချို့က ဝေချု ဝန်ထမ်းတွေ လေပြေညှင်းတိုက်ခတ်နေသလို ခံစားချက်ရလို့နေကြသည် ဘာလို့လဲဆိုတော့ သူတို့ဒေတာ မှားသွင်းမိရင်တောင် ဘောစ့်က စကားတချို့လောက်ပြောပြီးပြန်လုပ်ခိုင်းတာလေ ဒိလို လှပတဲ့နေရက်တွေကြောင့် ဌာနတိုင်းက ဌာနမှုးတွေ သူတို့ဘောစ့်ဘာများဖြစ်နေလဲလို့မေးခွန်းထုတ်ရတဲ့ထိပဲ

ချန်ရှုတစ်ယောက်သာ တည်ငြိမ်တာ သူ့ဘောစ့်လို သံတုံးကြီးက စုလဲ့ကြောင့် အရည်ပျော်သွားတာလေ ဆိုတော့ သူ့ဘောစ့် ပျော်နေတာ မထူးဆန်းဘူး စုလဲ့ ပိုင်ရှန်းပြန်သွားရင်ကော ဒီလိုမျိုးပဲနေ့ရက်တွေကနွေးထွေးဦးမှာလားလို့ သူတွေးနေမိသည်။

အကြီးတန်းမန်နေဂျာတွေကတော့ စုလဲ့နဲ့ သူတို့ဘောစ့် ဆက်ဆံရေးက သာမန်မဟုတ်တော့တာကို သတိထားမိကြသည်လေ စုလဲ့ကို ပိုပိုသိလာလေ သူတို့ဘောစ့်က အမြင်ကောင်းရှိတယ်ဆိုတာလက်ခံလာလေပင် ဒီအမျိုးသမီးလေးက ထက်မြက်သလို ဘောစ့်နဲ့ဆက်ဆံရေးကို အသုံးချတာမျိုးလည်းမရှိ တစ်ခုခုမှားရင် သူမ ပြင်လိမ့်မယ် အကြံညဏ်ကောင်းဆို ချီးမွမ်းလိမ့်မယ် ချမ်းသာတဲ့လူနဲ့တွဲနေသလိုမျိုး ဘယ်တော့မှ မပြုမူ စုလဲ့က အာရုံစိုက်ခံရမယ့်အဝတ်စားတွေ ဝတ်မယ့်အစား သေချာဝတ်စားတတ်တဲ့သူမလို့ အစပိုင်း စုလဲ့ကို သဘောမကျတဲ့ အမျိုးသမီးတွေတောင် သူမကိုလေးစားလာကြသည်လေ

ယောကျ်ားတစ်ယောက် သူတို့ကို သဘောကျအောင် လုပ်ရတာ မခက်ခဲ ခက်ခဲတာက သက်တူရွယ်တူတွေကကော ကိုယ့်ကို သဘောကျလားဆိုတာပင် စုလဲ့ စရိုက် ကိုင်တွယ်ပုံ က ကျင်ချုက ဝန်ထမ်းတွေကို သူမက သူတို့ဘောစ့် ဇနီးဖြစ်ဖို့ အသင့်တော်ဆုံးဆိုတာ ပြသနေသလိုပင်

"မျှော်လင့်ထားသလိုပဲ အစ်မလျို အကြံတိုင်းပြင်လိုက်ရင် ပိုကောင်းသွားလိမ့်မယ်" စုလဲ့ အစီစဉ်သစ်ကိုပျော်ရွှင်စွာ ကြည့ပြီး ပြောလာသည်။ သူမထက်ပိုအတွေကြုံရှိတဲ့ ဝန်ထမ်းတွေစီက သင်ယူတာကို ဖုံးကွယ်မထားသလို အကုန်နားလည်သလိုလည်းမလုပ်တာက ဝန်ထမ်းတွေကို ပိုသက်သောင့်သက်သာရှိစေသည်လေ

Hello Wife! (Mm translation)Where stories live. Discover now