M-19.1

2.3K 242 2
                                    

အခန်း ၁၉ ဖက်ထုတ်များ

အိမ်သစ်ကိုရွှေ့ပြီးတော့ ဝန်ထမ်းသစ်လည်းဖြစ်နေတဲ့ စုလဲ့က အလုပ်မှာသေချာ အာရုံစိုက်ပြီး စိတ်အားထက်သန်စွာ လုပ်ကိုင်လို့နေသည်။

တခါတလေ ဝေချုနဲ့လမ်းကြုံကားလိုက်စီးပြီး သူမ နေ့ရက်တွေကိုသက်သောင့်သက်သာဖြတ်သန်းလို့နေသည်။

ညနေခင်းတစ်ခုမှာ စုလဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ဆင်းလာပြီး ကုမ္ပဏီထွက်ပေါက်ရောက်တော့ သူမ ဝင်ပေါက်မှာ တောက်ပတဲ့ပြိုင်ကားတစ်စီးကိုတွေ့လိုက်ရသည်။ ကားပိုင်ရှင်ကိုနှစ်ပေါင်းများစွာ သိလာတဲ့အလျောက် မြင်လိုက်ရတာနဲ့ သူမခေါင်းတွေ နာလာသလိုပင်

"စုလဲ့ ဘာဖြစ်လို့လဲ?" လုပ််ဖော်ကိုင်ဖက် တစ်ယောက်က သူမ အမူအရာတစ်ခုခုလွဲနေတာမြင်တေော့ စိတ်ပူစွာမေးလာခဲ့သည်။ "နေမကောင်းလို့လား?"

"အဆင်ပြေပါတယ်" စုလဲ့ လုပ်ဖော်ကိုင်ဖက်ကို ပြုံးပြလိုက်သည်။ လုပ်ဖော်ကိုင်ဖက်ထွက်သွားတော့ စုလဲ့ ကျန်တဲ့လူတွေနဲ့ အဆောက်ဦးကထွက်လာပြီး အပြင်မှာရပ်နေတဲ့လူကို တချက်လေးတောင်မကြည့်ခဲ့

-

စုလဲ့အိမ်ရောက်တာနဲ့ သူမအတွက် ခေါက်ဆွဲတစ်ပန်းကန်ချက်လိုက်သည်။ ပြီးတာနဲ့ကွန်ပျုတာာဖွင့်ပြီး သူမ ဝတ္ထုကိုစရေးတော့သည်။ ဒီရက်တွေ အလုပ်များနေတာနဲ့ သူမ ဝတ္ထုတင်တဲ့နှုန်းက နှေးသွားသည်လေ ဒါမဲ့ စိတ်ထဲမှာ တွေးထားပြီးသားဖြစ်တာကြောင့် စာရိုက်တာတော့ တကယ်မြန်လို့နေသည်။

တော်တော်ကြာ ရိုက်ပြီးတော့ စုယွဲ့ ထကာ ကော်ဖီတစ်ခွက်ဖျော်လိုက်သည်။ သောက်နေရင်း သူမ နောက်ဝတ္ထုအတွက် ဇာတ်ကြောင်းကိုတွေးလို့နေသည်။ စုလဲ့ရဲ့ အားနည်းချက်က စာရေးသူတစ်ယောက်အနေနဲ့ ပြသာနာကို ဘယ်တော့မှ နူးနူးညံံံညံ့မဖြေရှင်းနိုင်ပြနိုင်တာပဲ သူမက အားနည်းပြီး နူးညံ့သိမ်မွေ့နေတဲ့ အမျိုးသမီးဇာတ်ဆောင်တွေကို သဘောမကျဘူးလေ သူမ ရေးသမျှ ဇာတ်ကောင်တိုင်းက ကြမ်းတမ်းတယ် မီးစဉ်ကြည့်ကတတ်တယ် ပြီးတော့ အကြံသမားတွေ။ တစ်ခါမှ အားနည်းပြီး သူတို့မရှိရင် မနေနိုင်ပါဘူးဆိုပြီး တွယ်ကပ်ပျော့ညံ့နေတဲ့သူမပါ

Hello Wife! (Mm translation)Where stories live. Discover now